အပိုင်း (61.1)

2.4K 341 1
                                    

(61.1) ကလေးများ

ကျန်းဂျင်ရဲ့ ထပ်ခါ ထပ်ခါ သေချာ နားချ မှု အောက်မှာပဲ ယွမ်ဟောင်က သူ့ရဲ့ တွေဝေမှု အခြေအနေ ကနေ ပြန်လွတ်လာခဲ့တယ်။ အရှေ့က ဖြစ်ပျက် သွားတဲ့ ကိစ္စဟာ ယွမ်ဟောင်ရဲ့ စိတ်တင်းအား တွေကို ပိုပြီးတော့ ဖိအားပေး သွားသလို ဖြစ်ကာ အခြေအနေတွေ ပိုပြီး မတည်မငြိမ် ဖြစ်စေ တယ်ဆိုတာကို ကျန်းဂျင် တွေ့ရလေတယ်။

ဒါကြောင့် ကျန်းဂျင်က အခု ယွမ်ဟောင်ရဲ့ စိတ်ကို သွားပြီး ကြားဖြတ်မှု မလုပ်ရဲလေဘူး။ တကယ်လို့ ယွမ်ဟောင် က သူ့ရှေ့ကို အစားအသောက် ယူလာပြီး ကျွေးရင်တောင်မှပဲ ကျန်းဂျင်က စကားတစ်ခွန်း မဆိုပဲနဲ့ စားလိုက်မှာ ပဲ ဖြစ်လေတယ်။

သူက မိသားစု ကိစ္စတွေ လည်း မကိုင်တွယ်သလို သတင်းစာ ကိစ္စတွေ ကိုလည်း လော်ရှောင်းကိုပဲ အကုန်လွဲထားကာ မြို့ကဆိုင်ကိုလည်း ယွမ်ဟောင်နဲ့ ယွမ်ပေါ်တို့က ​သေချာကိုင်တွယ်နေတာ ဖြစ်ပြီးတော့ သူ စိတ်ပူဖို့ မလိုအပ်ပါပေ။

ဒါကြောင့်လဲ သူက အိမ်ထဲ မှာပဲ ပုန်းနေကာ ကလေးကို သေချာလေး အေးဆေးစွာနဲ့ ပျိုးထောင်နေခဲ့တယ်။

ဘာလို့ အဲ့လို ရှောင်ပုန်းနေရတာလဲ?

အဓိက ကတော့ ဒီလိုကိစ္စ မျိုးကြီး ဖြစ်သွားလို့ပေါ့လေ။ တစ်ချို့ အနိမ့်အမြင့်တွေကို ကျော်ဖြတ်ပြီးတဲ့ နောက် ကျန်းဂျင်ရဲ့ နှလုံသားထဲမှာ အရှက်ရ စိတ်နဲ့ ဒေါသ စိတ်တွေကို ခံစားမိခဲ့တယ်။

သူက ကိုယ်ဝန် ရှိနေတာကို တောင်မှပဲ မသိခဲ့ ပဲနဲ့ ကလေးကိုတောင် သတ်မိတဲ့ အထိ ဖြစ်တော့ မလို့လေ......  ။ ထိုအကြောင်းကို တွေးလေလေ ကျန်းဂျင် ပိုပြီးတော့ အရှက်ရလေလေ ပဲ ဖြစ်လေတယ်။

ကလေး က လုံခြုံတယ် ဆိုတာကို သိလိုက်ရပြီးတဲ့နောက် သူက အခန်းထဲမှာပဲ ပုန်းပြီး ကလေးကို ပျိုးထောင်ဖို့ ဆုံးဖြတ်ကာ ယွမ်ကျယ်နဲ့ တစ်ခြားသူတွေ ကိုတောင် တွေ့ဖို့ သတ္တိ မရှိတော့ပေ။

ဘာပဲ ဖြစ်ဖြစ် အတူ တကွ နေကြတာ ဖြစ်လို့ သူတို့ကို မမြင်အောင် ရှောင်ပုန်းဖို့ ဆိုတာက တကယ်ကြီး မဖြစ်နိုင်ပါပေ။ ကံကောင်းစွာနဲ့ ပဲ လူတိုင်းက ဘာမှ မဖြစ်ခဲ့ သလို  မသိချင်ယောင် ဆောင်​နေ ခဲ့တာ ပဲ ဖြစ်တယ်။

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now