အပိုင်း (50. 2)

4.1K 500 11
                                    

(50. 2)

နှစ်ရက်အတွင်း မှာပဲ ယွမ်ဟောင်နဲ့ ရွာသူကြီးတို့က ထိုကိစ္စ အဆင်ပြေ စေဖို့ရာ ရုံးတော် ကို သွားခဲ့ကြတယ်။ နှစ်ပေါင်း များစွာ အလှည့်အပြောင်းတွေ ရှိခဲ့ ပြီးတဲ့နောက် ထိုတောင် ဟာ မူရင်း မိသားစု လက်ထဲကို ပြန်ရောက်လို့ လာခဲ့ ပါပြီ။ ဒါကြောင့် ယွမ်ဟောင်က ကျေးဇူးတင် တဲ့အနေနဲ့ ရွာလူကြီးကို ပေးဖို့ ပြင်ဆင် ခဲ့လေတယ်။

အရာအားလုံး ပြင်ဆင်ပြီးတဲ့ အခါမှာတော့ ကျန်းဂျင်နဲ့ ယွမ်ဟောင်တို့က မြင်းလှည်း ကိုမောင်းကာ လင်အန်းမြို့ကို ဆင်းသွားကြလေတယ်။ ဇဲရွှမ်းလေးက အရမ်းကို နာခံ ပြီးတော့ စောင့်ရှောက် ရတာ လွယ်ကူလေတယ်။ ပြီးတော့ ယွမ်ကျယ် ကလည်း သခင်ငယ်လေး  ကို ကောင်းကောင်း စောင့်ရှောက်ပါ့မယ် လို့ တာဝန် ခံခဲ့လေတယ်။

ယွမ်ကျယ် က ပြောလာတော့ ကျန်းဂျင် နဲ့ ယွမ်ဟောင် က စိတ်ချရပါတယ်။ ယွမ်ကျန်းနဲ့ ယွမ်ကျယ် တို့ လက်ထပ်ပြီး ကတည်းက သူတို့ရဲ့ ဆက်ဆံရေးက ပိုလို့ပဲ နွေးထွေး လာပါတယ်။ ယွမ်ပေါ် တောင်မှ ချိုမြိန်တဲ့ ချဥ်စူးစူး ရနံတွေကို အဝေးကနေ တောင်မှ ရနေတာ မလို့ အပြင် ထွက်ဖို့ အကောင်းဆုံးပဲ လို့ တွေးမိလေတယ်။

လင်အန်းမြို့က ရှနိုင်ငံတော် ထဲမှာ အတော်လေး ကျော်ကြားတဲ့ မြို့တစ်ခု ဖြစ်ပါတယ်။ လင်အန်းမြို့တော်ကို မသိရင်တောင်မှ လင်အန်းမြို့က ထွက်တဲ့ အရသာ ကောင်းမွန်လှတဲ့ အကောင်းစား စပျစ် သီးတွေကို သိမှာပဲ ဖြစ်လေတယ်။

ထိုအသီးတွေက နှစ်စဥ်တိုင်းကုန်သွယ် ရာမှာ အကောင်းဆုံး ထုတ်ကုန်တွေ ပဲဖြစ်လေတယ်။ စပျစ်သီး ရင့်မှည့်တဲ့ အချိန်ဆို အာဏာရှိ အိမ်တော်တွေ ကတောင်မှ အကောင်းဆုံး အရည်အသွေး ရှိတဲ့ စပျစ်သီးတွေ ကိုလာရွေးပြီးတော့ မြို့တော်ကို တင်ပို့ကြလေတယ်။ ဒါ့အပြင် သူတို့ရဲ့ နိုင်ငံတစ်ဝှမ်းက  အရေးကြီး မိတ်ဆွေ တွေ အတွက် အပျော်အနေနဲ့ လက်ဆောင် ပို့ပေး တာမျိုးတွေ ရှိကြလေတယ်။

ကျန်းဂျင် နဲ့ ယွမ်ဟောင် တို့ ဒီကိုလာရတဲ့ အကြောင်းအရင်းက တစ်ချို့မျိူးကောင်း တဲ့ စပျစ်နွယ်ပင် တစ်ချို့ကို စိုက်ဖို့ ပြန်ယူသွား ချင်တာပဲ ဖြစ်လေတယ်။ ဘာလို့လဲ ဆိုတော့ ထိုနေရာရဲ့ စပျစ်သီးတွေ က အရမ်းကျော်ကြားတဲ့ အပြင် ထိုနေရာက အစေ့တွေ ကသာ ကောင်းကောင်း ပေါက်တာပဲ ဖြစ်လေတယ်။ ဒါကြောင့် နှစ်တိုင်း မရေမတွက် နိုင်တဲ့ လူတွေက ဒီနေရာကို စပျစ်စေ့ ဝယ်ဖို့ လာကြလေတယ်။

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now