အပိုင်း (63. 2) [Final]

6.7K 511 25
                                    


(63. 2)

ဒီလိုနည်းလမ်းနဲ့ သူ့အဖေ နှင့်အတူ ညီကို သုံးယောက် ဟာ မနက်တိုင်း အစောကြီး ထခဲ့ ကြတယ်။ သူတို့အဖေ နဲ့ အတူ သိုင်း လေ့ကျင့်ပြီးတဲ့ နောက်မှာတော့ ယွမ်ဇဲကျင်းနဲ့ ယွမ်ဇဲရှု တို့က ဆရာလျူ ဆီမှာ စာသင်နေရပြီးတော့ ယွမ်ဇဲရွှမ်း ​က ​တော့ မြင်းလှည်းနဲ့ အတူ တောင်အောက်ဆင်းကာ ကျောင်းကို နောက်မကျစေဖို့ အမြန်သွား ရလေတယ်။

ဒီနေ့အတွင်းမှာတော့ ယွမ်တစ်မိသားစုလုံး ပျော်ရွှင်နေကြလေတယ်။ ကျင်းဂျင်ရဲ့ မျက်နှာ ပေါ်မှာ အပြုံးလေးတွေ ရှိနေပြီးတော့ အိမ်ကိုလာတဲ့ ဧည့်သည်တွေကို လက်ခံနေခဲ့တယ်။

ယွမ်ဇဲရွှမ်း က သိပ်မကြာ ခင်ကာလ တုံးက အစိုးရ စာမေးပွဲကို ဝင်ရောက် ဖြေဆို ခဲ့ပြီးတော့ မနေ့ကပဲ ရလဒ်တွေ ထွက်လာခဲ့ကြတယ်။ ပြီးတော့ ယွမ်ဟောင်ရော ၊ ကျန်းဂျင် ရောပါ အပျော်လွန်နေခဲ့ ကြတယ်။

အစကတော့ ယွမ်ဇဲရွှမ်း က ငယ်ရွယ်သေးတဲ့ အတွက်ကြောင့် ဒီလိုမျိုး စာမေးပွဲမှာ ကောင်းကောင်း လုပ်နိုင်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။

သူတို့က ကလေးကို ဒီစာမေးပွဲရဲ့ ဖိအားဒဏ် အောက်ကနေ လျော့ပါးသွားအောင် နှစ်သိမ့်တဲ့ စကားလုံးတွေ ကိုတောင် ပြောဖို့ စဥ်းစား ထားပြီးသား ပဲ ဖြစ်လေတယ်။ ဒါပေမယ့် သူတို့ အံ့သြ သွားတာက အိမ်ကို ဒီလောက် ကောင်းတဲ့ ရလဒ်နဲ့ ပြန်လာခဲ့ ရလိမ့်မယ်လို့ မထင်မိခဲ့လို့ပေါ့။

သူတို့ ကလေးတွေက အရမ်းတော်တာကို တွေ့လိုက်ရတော့ ကျန်းဂျင်နဲ့ ယွမ်ဟောင် တို့က အချိန်ကောင်းလေး တွေကို ပိုင်ဆိုင် သွားတာကြောင့် သူတို့က အိမ်မှာ ပွဲကျင်းပ ဖို့ ဆုံးဖြတ် လိုက်တော့တယ်။ ဒါကြောင့် ဒီနှစ်တွေမှာ ခင်မင် ခဲ့ကြတဲ့ မိတ်ဆွေတွေကို ဖိတ်စာတွေ အများကြီး ပို့ခဲ့လေတယ်။ သေချာတာပေါ့ သူတို့က ဇဲရွှမ်းလေးရဲ့ အတန်းဖော် တွေကို ဖိတ်ခေါ်ဖို့ မမေ့ခဲ့ ပါပေ။

ကျန်းဂျင်က ထိုကလေးတွေ ကိုခေါ်ဖို့ အထူးအနေနဲ့ မြင်းလှည်း တစ်စီး ကို ပြင်ထား ပေးခဲ့လေတယ်။ မြင်းလှည်းမောင်း သမားလေး က မူရင်း မိသား စုက အသစ် သွားဝယ်ထားတဲ့ လျှိုဇီ ဆိုတဲ့ အသက် ၁၆ နှစ်အရွယ် ကောင်လေး တစ်ယောက် ဖြစ်လေတယ်။

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now