အပိုင်း ( 51. 2)

3.5K 448 4
                                    

( 51.2)

နဂါး ဘုရားကျောင်း ကနေ ထွက်လာပြီးတဲ့နောက် ကျန်းဂျင်နဲ့ ယွမ်ဟောင်တို့က သက်ဝင်လှုပ်ရှားနေတဲ့ နေရာကို လည်ပတ်ကြတယ်။

လမ်းဘေး ပြပွဲတွေ အပြင် သရုပ်ဖော်ပြ ပွဲတွေကို လမ်းတစ်လျောက် ကြည့်ကြပြီးတဲ့နောက် ကျန်းဂျင်က ယွမ်ဟောင်ကို ဘေးက စျေးဆိုင်လေး တစ်ခုဆီကို ဆွဲခေါ်သွားလေတယ်။

ထိုစျေးဆိုင်ရှေ့မှာ လူ ၇ ယောက်က ရပ်နေပြီးတော့ ကိုးကွင်းလက် ကြိုးထုံးတွေကို ဖြေနေကြလေတယ်။ တစ်ချို့ကလည်း လျင်မြန်စွာ ဖြေကြပြီးတော့ တစ်ချို့ကတော့ အစရှာလို့ မရဆဲပဲ။ ဒါပေမယ့် အချိန်ကြာလာလေလေ လူတွေက ပိုပြီး လက်တွေ မြန်လာကြတယ်။ ထိုအချိန်မှာ ဆိုင်ရှင်ရဲ့ ကြော်ငြာ သံကို ကြားလိုက်ရတယ်။

'' အချိန်ပြည့်သွားပါပြီ !''

ထိုအချိန်မှာ ဘယ်သူမှ မဖြေနိုင်သေးပေ။ သူတို့ထဲက တစ်ယောက်  ဆိုရင် ပြေဖို့ အနည်းငယ်သာ လိုတော့တယ်။ လူတိုင်းက သူ့ကို ကြည့်ကာ အတော်လေး စိတ်မကောင်း သလို ခံစားမိလေတယ်။ ထိုလူက စိတ်အနှောင့်အယှက် ဖြစ် စွာနဲ့ ပြောလိုက်တယ်။

'' နောက်တစ်ကြိမ်လုပ်မယ်!''

ဆိုင်ရှင် က ပြုံးကာ ပြောလိုက်တယ်။

''ဟုတ်ပြီ၊ ဟုတ်ပြီ ဒါကိုထပ်စမ်းချင်တဲ့ လူများရှိကြသေးလား''

'' ဒါက ဘယ်လို ကစားနည်းမျိုးလဲ ''

ကျန်းဂျင်က မေးလိုက်တယ်။

'' မင်းက ဒီ ကိုးကွင်း ​ကြိုးထုံးကို ပေးထားတဲ့ အချိန်မှာ ဖြေနိုင်သရွေ့ ငါ့ဆိုင်မှာ တင်ထားတဲ့ ပစ္စည်းထဲက တစ်ခုကို ရွေးချယ်ခွင့်ရှိတယ်။ ဒါပေမယ့် တစ်ခါစိန်ခေါ်ရင် ၅ ဝမ်တော့ပေး ရမယ်။ ''

'' ကောင်းပြီလေ ။ ဒါဆို ငါ စမ်းကြည့်မယ်''

ကျန်းဂျင်က ဆိုင်ရှေ့မှာ တင်ထားတဲ့ ကိုးကွင်းကြိုးထုံး တစ်ခု ကို ကောက်ယူလိုက်တယ်။ ယွမ်ဟောင်ကတော့ သူ့အတွက် အရင်ဆုံး ငွေပေးချေ ပြီး သွားတာကို ကျန်းဂျင် တွေ့လိုက်ရတယ်လေ။

ဆိုင်ပိုင်ရှင်က ထို ကိုးကွင်းကြိုးထုံးကို ပေးထားတဲ့ အချိန်အတွင်းမှာ ဘယ်သူမှ ဖြေနိုင်မယ်လို့ မထင်ထားမိပေ။ ဒါကြောင့် သူ့ဆိုင်ပေါ်က ပစ္စည်းတွေ ထဲမှာ တကယ်ကြီး ဂျင်ဆင်း တစ်ခုပါ ရှိနေလေတယ်။ ကြည့်ရတာ နှစ်အနည်းငယ် စာ သက်တမ်းပဲ ရှိနေပေမယ့် တကယ့်ကို စျေးပေါတဲ့ပုံ မပေါ်ပါပေ။

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now