အပိုင်း (6)

12K 1.5K 7
                                    

[ 6] ပထမဆုံး ချက်ပြုတ် ပြပွဲ

မီးဖိုချောင်ကို ရောက်တဲ့ အခါမှာတော့ ကျန်းဂျင်က သူ့ရဲ့ ရင်ဘက်လေးကို အသာပုတ်ကာ ချွေးတွေကို သုတ်လိုက်တယ်။ သူက အခုလေးတင် လုပ်ခဲ့မိတာကို အတော်လေး လန့်သွား ခဲ့လေတယ်။

သူက ယွမ်ဟောင်ကို မကြောက်တော့ ပေမယ့် ယွမ်ဟောင်က အတော့်ကို စိတ်ရှုပ်စရာ ကောင်းလေတယ်။ တကယ်လို့ သူသာ ဆက်ပြီးတော့ ယွမ်ဟောင် ကို ဒေါသထွက်အောင် လုပ်မယ် ဆိုရင်တော့ ယုံကြည်အောင် သူကြိုးစား ခဲ့သမျှ  အကုန်လုံး လေထဲလွင့်သွားမှာပဲ။

ကံကောင်းစွာနဲ့ပဲ ယွမ်ဟောင်က ဒေါသထွက်တဲ့ ဘက်ကို ကူးပြောင်း သွားတာမရှိလို့။

သားကောင်တွေက ကိုင်တွယ်ပြီး သန့်စင်ပြီးသား ဆိုတာကို တွေ့လိုက်ရတယ်။ ကျန်းဂျင်ခမျာ အနည်းငယ် စိတ်သက်သာရာ ရစွာနဲ့ သက်ပြင်းချလိုက်မိတယ်။ ဘာလို့လဲ ဆိုတော့ သူက သွေးကြောက်တက်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာ အနည်းငယ် ရှိနေလေတယ်။

ယွမ်ဟောင်က ရစ်ငှက် ၃ ကောင်နဲ့ သမင်ငယ်လေး တစ်ကောင် စုစုပေါင်း ၄ကောင် ဖမ်းဆီး ရရှိလေတယ်။

ဒါကြောင့်မလို့ ကျန်းဂျင်က ရစ်ငှက် ၂ ကောင်ကို ယူလိုက်ပြီးတော့ ဒီနေ့ညစာ အတွက် အသားဟင်း ပွဲကြီး တစ်ခု  ဖြစ်အောင် လုပ်မယ်လို့ ဆုံးဖြတ်ချက် ချလိုက်တယ်။

​ပြောရရင်ကွာ ယွမ်ဟောင်ရဲ့ အစား စားချင်စိတ်က လုံးဝကို သေးငယ်မနေပါပေ။ ဒါကြောင့် ဒီလောက်ချက်မှ သူတို့စား ဖို့ရာ လုံလောက်မှာ ပဲ ဖြစ်လေတယ်။

ရစ်ငှက် ၂ ကောင် ထဲက တစ်ကောင်ကိုတော့ စတူးဟင်းပုံ ချက်လိုက်မယ်။ နောက်တစ်ကောင် ကိုတော့ ကြော်မယ်လို့စိတ်ကူးတယ်။  ပြီးတော့မှ အသားတွေကို ပန်းကန်ထဲ အသေအချာ ပုံထည့် မယ်လို့ ဆုံးဖြတ်ချက် ချလိုက်တယ်။

အမှန်တကယ်ဆိုရင် ကျန်းဂျင်ရဲ့ စိတ်ထဲမှာ အရသာရှိတဲ့ ဟင်းပွဲတွေ အများကြီး ချက်ချင်နေပေမယ့် သူ့ရဲ့ မီးဖိုချောင် ထဲမှာတော့ ပါဝင်ပစ္စည်းတွေက အကန့်အသက်နဲ့ ရှိနေခဲ့ ပါတယ်။

ဘာပဲ ရှိတာလဲ ဆိုတော့ ဘာမှမပါတဲ့ ဆားအဖြူရယ် ပြီးတော့ ပဲငံပြာရည်ပဲ ရှိပါတယ်။ ထိုနေရာမှာ အပို ဟင်းခွက်အတွက် ဘာမှရှိမနေပါပေ။ ရှိနေတဲ့ တစ်ခုတည်းသော အရာကတော့ ခြင်းတောင်းထဲမှာ ရှိနေတဲ့ အမည်မသိ ဟင်းရွက်ရိုင်း လက်တစ်ဆုပ်စာ ပဲ ဖြစ်လေတယ်။

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now