အပိုင်း (25)

7.4K 982 36
                                    

(25) ငါးမွေးဖို့ စပါးစိုက်ကန်ထဲ ရောထည့်ခြင်း

ရက်အနည်းငယ်လောက် ကြာပြီးတဲ့နောက် ဝံပုလွေ ခွေးလေးရဲ့ အခြေအနေက တဖြေးဖြေး ပိုကောင်းလာတာကို တွေ့ရလေတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် အန္တရယ်ကနေ လွတ်ကင်း သွားပြီ ဆိုတာကို သိနိုင်လေတယ်။ ပြီးတော့ အဲ့အကြောင်း စိုးရိမ်နေတဲ့ ​ကျန်းဂျင်လည်း သက်ပြင်းချ နိုင်တော့တယ်။

ဒါပေမယ့် ခွေးလေးက လှုပ်ရှားဖို့ အဆင်မပြေသေးတာကြောင့် သူက ယွမ်ဟောင် ပြင်ပေးထားတဲ့ အသိုက်ထဲမှာပဲ ယာယီနေနေ ရလေတယ်။

ကျန်းဂျင်က သူ့ကိုနေ့တိုင်း အစာကျွေးပြီးတော့ အစာကျွေးတဲ့ အချိန်တိုင်းမှာလည်း ထိုခွေးလေးက ကျန်းဂျင်ကို မာန်ဖီပြလေ့ ရှိတယ်။ ဒါပေမယ့် ထိုခွေးက မလှုပ်နိုင် မကိုက်နိုင်တဲ့ အတွက်ကြောင့် ယွမ်ဟောင်က ကျန်းဂျင်သဘော အတိုင်း ထိုခွေးကို စိတ်ချ ယုံကြည်စွာ အစာကျွေးခိုင်းတာ ပဲ ဖြစ်လေတယ်။

ထိုနေ့က ကျန်းဂျင် ပြောစကားကို ကြားပြီးကတည်းက ယွမ်ဟောင် က တကယ်ကြီး သူပြောသလို စပါးခင်းထဲကို ငါးတွေ ထည့်လိုက်လေတယ်။

တစ်ဖက်မှာ သူက ကျန်းဂျင်ကို ယုံကြည်တယ်။ ပြီးတော့ ငါးတွေကို လယ်ကွင်းထဲမှာ မွေးလိုက်ရင် မြေသြဇာပိုဖြစ်ပြီးတော့ အဖျက်ပိုးတွေ အတွက် စိုးရိမ်စရာ မလိုတော့ဘူးလို့ တွေးမိတယ်။ တစ်ခြားတစ်ဖက်က ကြည့်ရင်တော့ သူတို့ စမ်းသပ်ကြည့်လို့ အောင်မြင်သွားရင် ဒါက မှတ်တိုင်အသစ် တစ်ခုပဲ လေ ဟုတ်တယ်မလား..... ။

နောက်နေ့မှာတော့ သူက ရွာလူကြီး အိမ်ဆီကို သွားပြီးတော့ လယ် ၃ ကွက်ထပ်ဝယ်ခဲ့တယ်။

ကျန်းဂျင်က ဂျုံ စိုက်ချင်တယ်လို့ ပြောခဲ့ပေမယ့် အခုက နွေဦး ဖြစ်နေခဲ့တယ်။ ဂျုံတွေက ဆောင်းရာသီနဲ့မှ ပိုကိုက်ညီတာပဲ ဖြစ်လေတယ်။ ဒါကြောင့် သူနဲ့ ကျန်းဂျင်တို့ ညှိနှိုင်းပြီးတော့ ပထမဆုံး ဆန်စိုက်မယ်။ ပြီးတော့ နောက်ရာသီရောက်မှ ဂျုံစိုက်မယ်လို့ အစီအစဥ်ချခဲ့ လေတယ်။ ကံကောင်းစွာ နဲ့ပဲ ဆန်စိုက်တဲ့ ရာသီက အခုချိန်ထိ မကျော်လွန်သွားသေး ပါပေ။

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now