အပိုင်း (26)

7.1K 983 42
                                    

(26)

ငါးတွေနဲ့ ဂဏန်းတွေကို လယ်ထဲ ထည့်ပြီး မွေးတဲ့ ကိစ္စက အဆုံးကိုရောက် လာခဲ့ပါပြီ။ ထိုနေရာမှာ အတင်းအဖျင်းတွေ ပြန့်နေသေးသော်လည်း သူတို့ နှစ်ယောက်အပေါ် ဘာအကျိုးသက်ရောက် မှုမှ မရှိပဲနဲ့ သူတို့ကတော့ သူတို့လုပ်ချင်တာကိုပဲ လုပ် ခဲ့ကြတယ်။

ဘာလို့လဲ ဆိုတော့ လတိုင်း ' ရှောင်း ဇီယန် ' ဆီကို ဝက်သားပြားပို့ လို့ရတဲ့ ငွေကလည်း အတည်တကျ ဝင်နေကာ နောက်ဆုံးတစ်ခေါက်က စတော်ဘယ်ရီယို လုပ်နည်း ရောင်းထားတဲ့ ပိုက်ဆံ ကိုပါ ပေါင်းလိုက်လို့ရှိရင် သေချာပေါက် သူတို့က ဒီနေရာမှာ ချမ်းသာတယ်လို့ ယူဆလို့ ရပါတယ်။

နောက်ဆုံးတစ်ခေါက်က ' ရှောင်းဇီယန် ' ဆိုင်ကို သွားတော့ လော်ရှောင်းနဲ့ သူတို့တွေ့ခဲ့ ပါတယ်။ လောင်ရှောင်းရဲ့ ဗိုက်က အရမ်းကို လုံးဝန်းနေပြီးတော့ လမ်းတောင်မှ ခက်ခက်ခဲခဲ လျောက်နေရတာကို ကြည့်ခြင်းအားဖြင့် ဒီရက်ပိုင်း အတွင်း မွေးမယ်လို့ တော့ သူထင်မိတယ်။

လော်ရှောင်းက အရမ်းကို ခေါင်းမာလေတယ်။ သူက ဒီလောက် ဗိုက်ကြီးနေတာကို ဆိုင်ထိုင်ချင်နေတုံးပဲ။ လီမင်းယင်နဲ့ တစ်ခြားသူတွေ ခမျာ သူ့ကိုလုံးဝ ဖြောင်းဖျလို့ မရခဲ့ပါပေ။ ဒါကြောင့် သူတို့က ကိစ္စအသေးဖြစ်စေ အကြီးဖြစ်စေ သူတို့ပဲ ရှင်းလင်းလိုက်ပြီးတော့ လော်ရှောင်းလုပ်ချင်သလို လုပ်ခွင့်မပေးလိုက် ကြတော့ပါပေ။

ကျန်းဂျင်ရဲ့ ဗိုက်ကလည်း ကြီးသထက်ကြီးလာပြီး အခုဆို ကိုယ်ဝန်က ငါးလထဲ ရောက်နေပြီဖြစ်လေတယ်။ အနာဂတ်မှာ ​ကျန်းဂျင် တစ်ယောက် ယွမ်ဟောင်နဲ့ အပြင်သွားရင် အနည်းငယ် အခက်ကြုံရနိုင်တယ်။ ဒါပေမယ့် ယွမ်ဟောင် က သူ့ကို အိမ်မှာ တစ်ယောက် ထဲလဲ ထားခဲ့ရမှာ စိတ်မချတာမလို့ အစေခံတွေ ဝယ်ဖို့ စဥ်းစားလိုက်တယ်။

ဒါက ယွမ်ဟောင် ဘာသာ စဥ်းစားထားတဲ့ အစီအစဥ်ပါ။ အခုထိတော့ အတည်မပြုရသေးပါဘူး။ ဒါ့ထက် ယွမ်ဟောင် အခုတလော ပိုလိုချင်နေတဲ့ အရာကတော့ မြင်းလှည်း တစ်စီးဝယ်ဖို့ ပါပဲ။

မြင်းလှည်းက နွားလှည်းထက် ပိုမြန်ပြီးတော့ သူလုပ်စရာ ကိစ္စရှိလို့ အပြင်ထွက်ရင် မြန်မြန် သွားနိုင်မှာပဲ ဖြစ်တယ်။ ပြီးတော့ သူ့ကျန်းဂျင်လေးနားကို ပြန်လာပြီး မြန်မြန် အဖော်ပြုပေးလို့ရတယ်လေ။

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now