အပိုင်း (35.1)

5.7K 649 5
                                    

(35.1)

[ အခုက စပြီး နောက် ၂ ပိုင်း အထိ လီမင်းယင်နဲ့ လော်ရှောင်းတို့ တွေ့ဆုံခဲ့ကြပုံ ပါတဲ့ရှင်]

လော်မိသားစုက အရမ်း  ချမ်းသာတဲ့ မိသားစု ဖြစ်ပြီးတော့ မြို့တော်မှာ မသိတဲ့ လူမရှိခဲ့ပါပေ။ ဒါပေမယ့် ကမ္ဘာကြီးမှာ ပြည့်စုံနေတဲ့ အရာဆိုလို့ မရှိခဲ့ပါချေ။ သူတို့မိသားစုက ကြွယ်ဝနေပေမယ့် မြို့တော်မှာ အာဏာတစ်ခု ရအောင် ချေကုပ်မယူနိုင်ခဲ့ပေ။

လော်ကျန်း တစ်ယောက် မိသားစု အကြီးအကဲ ခေါင်းဆောင် ဖြစ်ချိန်မှာတော့ တစ်စုံတစ်ယောက်က သူ့ဆီကို သံလွင်ခက် ပစ်ပေးလာခဲ့တယ်။ ထိုဟာကတော့ ဝမ် မိသားစုပဲ ဖြစ်လေတယ်။ ဝမ် မိသားစုရဲ့ ခေါင်းဆောင် က သူတို့ရဲ့ မင်းဆက်မှာ ဒုတိယ တန်းစား မှူးမတ် ဖြစ်လေတယ်။ ပြီးတော့ ထို မိသားစုထဲက ကိုယ်လုပ်တော် တစ်ယောက်ရဲ့ သားတစ်ယောက်ဟာလည်း ထိုအကြီးအကဲ ဆီကနေ နက်ရှိုင်း စွာ အချစ်ခံ ခဲ့ရတယ်လေ။

မြို့တော်မှာ ဝမ်မိသားစုက မိုးနဲ့ လေကို ဆင့်ခေါ် ရလောက်တဲ့အထိ အာဏာမပြင်းပေမယ့် သူတို့ကို အလွယ်တကူ လျစ်လျူရှု ဖို့ရာ မလွယ်ကူပါချေ။

လော်ကျန်းကထို အာဏာရှိအသိုင်း အဝိုင်းနဲ့ ပတ်သက်ပြီး စိုးရိမ်နေတုံးမှာပဲ အိပ်ချင်နေတုံး တစ်ယောက်က လာပြီး ခေါင်းအုံး ခံပေးမှတော့ သူက လည်း တုံ့ဆိုင်းမှု မရှိ သဘောတူလိုက်တော့တယ်လေ။ မိသားစု နှစ်ခု ပေါင်းစည်းဖို့အကောင်းဆုံး နည်းလမ်းက လက်ထပ်တာ ပဲ ဖြစ်လေတယ်။  ဒါကြောင့်ပဲ  လော်ကျန်းက သူ့သား အငယ်ဆုံးကို ဝမ် မိသားစုရဲ့ ဒုတိယ သားနဲ့ လက်ဆက် ပေးဖို့ သဘောတူလိုက်တယ်။

လော်ရှောင်းဟာ လော် မိသားစုရဲ့ အငယ်ဆုံး သားပါ။

လော်ရှောင်း ဆယ်နှစ်သား ကတည်းက သူ့ရဲ့ ကံကြမ္မာဟာ သူ့အဖေရဲ့ စကားတစ်ခွန်း​ကြောင့် အဝေးကို ပစ်လွှတ်လိုက်ရတော့တယ်။ ထိုအချိန်းက စပြီးတော့ သူ့အတွက် ဆိုးတာတွေပဲ စဖြစ်လာခဲ့တယ်။

ဝမ်မိသားစု ရဲ့ ဒုတိယ သား နာမည်က ဝမ်ဇီမင် လို့ခေါ်ပြီးတော့ သူက လူရှုပ်လူပွေ တစ်ယောက် ဖြစ်ပါတယ်။ သူက သူ့မိသားစု အာဏာကို မှီခိုပြီးတော့ ညစ်ပတ်တာတွေ အများကြီး လုပ်ခဲ့လေတယ်။ သူက လောင်းကစား လုပ်ရာမှာ နဲ့ သောက်စားတဲ့နေရာ မှာလည်း တော်တဲ့အပြင် မူးယစ်ဆေးဝါးနဲ့ပါ ကစားလေတယ်။ ဒါပေမယ့် သူ့ရဲ့စိတ်က ရှင်းရှင်း လင်းလင်း ရှိနေဆဲပဲ။

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now