အပိုင်း (28)

7K 940 24
                                    

(28) လော်ရှောင်း ကလေးမွေးခြင်းနဲ့ အစေခံတွေ ဝယ်ယူခြင်း

ကျန်းဂျင်က ယွမ်စုယန်ကို သင်ပေးဖို့ရာ အတွက် ' ဂန္တဝင် ကာရိုက်တာ သုံးခု ' ကနေ စပြီးတော့ သင်မယ်လို့ ဆုံးဖြတ်ချက် ချလိုက်တယ်။ ဒါကြောင့် ယွမ်စုယန်ကို ရှေးခတ်ရဲ့ စကားလုံးတွေ ဖြစ်တဲ့ ' ရာချီတဲ့  မိသားစု မျိုးရိုး အမည်တွေ' နဲ့ ' ထောင်ချီတဲ့ စရိုက်လက္ခဏာ ' အကြောင်း တွေကို သင်ကြားပေးခဲ့တယ်။

ပြီးတော်လဲ သူက ယွမ်စုယန်ကို ဂဏန်းသင်္ချာ တွက်နည်း အတန်းကိုပါ ပေါင်းသင်ပေးဖို့ ထပ်ထည့်ခဲ့တယ်။ ထိုအရာက အင်ပါယာ အရာရှိ စာမေးပွဲ အတွက် အသုံးမဝင်နိုင်ပေမယ့် ဂဏန်းသင်္ချာ ကိုသာ ကောင်းစွာ တွက်ထုတ်နိုင်ရင် နေရာတစ်ခု ကတော့ သေချာ ရမှာပဲ ဖြစ်လေတယ်။

ဒါပေမယ့် ကျန်းဂျင် ကော ယွမ်ဟောင် ပါ မမျှော်လင့် မိတာက နောက်နေ့မှာ ယွမ်စုယန် ရဲ့ အဖိုးကပါ တောင်ပေါ်ကို လိုက်တက် လာခဲ့လိမ့်မယ် ဆိုတာကို ပါပဲ။

သူ့က အသားအရည်ညိုတဲ့ အဘိုးအို တစ်ယောက်ပါပေ။ အသက် ၅၀ သာ ရှိသေးပေမယ့် အသက် ၆၅ နှစ်လောက် ရှိပြီလို့ ထင်ရလေတတယ်။ ယွမ်ဟောင် က တံခါးကို ဖွင့်လိုက်ပြီးတော့ လူအိုကြီးကို အထဲကို ဖိတ်ခေါ်ကာ သူ့အတွက် ရေနွေးတစ်ခွက် လောင်းထည့်ပေး လိုက်တယ်။

ထိုင်ပြီးတဲ့နောက်မှာ အဖိုးယွမ်က သက်ပြင်းချရင်း သူ့လက်တွေနဲ့ လက်ဖက်ရည်ခွက်ရဲ့ ကိုယ်ထည်ကို ပွတ်သပ်နေပြီးတော့ စကားစမပြောခင် အထိ အချိန်အနည်းငယ်လောက် ရပ်တန့်နေခဲ့တယ်။

'' ငါကြား တာကတော့ မင်းရဲ့ အမျိုးသားက ယန်ယန်ကို စာဖက်တက်ဖို့ သင်ပေးချင်တယ်ဆို? ''

ယွမ်ဟောင် က ခေါင်းငြိမ့်ပြလိုက်တယ်။

'' ဟုတ်တာပေါ့ ....''

ထိုစကားကို ကြားပြီးတဲ့နောက် အဖိုးအိုက အရမ်းအံ့အား သင့်သွားလေတယ်။ ဒါပေမယ့် ပိုပြီး တုန်လှုပ်သွားတယ် လို့ပြောရင် ပိုမှန်တယ်။ အဖိုးက သူ့ဘေးက အဝတ်အိတ်လေးက်ို ကိုင်ကာ ယွမ်ဟောင်ကို လှမ်းပေးလိုက်တယ်။

''ဒါတွေ အကုန်လုံးက ငါ အခုချိန်မှာ တက်နိုင်သမျှ တွေပါပဲ။ ရှောင်ဟောင် မင်း ဒါကို မကြိုက်မနှစ် သက်တော့ မဖြစ်စေချင်ဘူး။ ဒီနှစ်မှာ စပါးတွေ မှည့်လာလို့ ရိတ်သိမ်းပြီး ရောင်းပြီးတာနဲ့ မင်းတို့ အတွက်ပါ လုပ်ပေးပါ့မယ်... ''

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now