အပိုင်း (32)

6.9K 844 13
                                    

(32) သွမ့်ဇီရဲ့ လပြည့် ဝိုင်အရက်

အစိုးရ စာမေးပွဲ မတိုင်ခင်မှာပဲ  လော်ရှောင်းရဲ့ သား လပြည့် မွေးနေ့ ပွဲရောက်လာ ခဲ့လေတယ်။

မသွားခင် ၂ ရက်ကတည်း က ကျန်းဂျင်ဟာ ယွမ်ကျယ်ကို ဒီနေရာရဲ့ ဝတ်စုံ ကို အထူးတလည် မေးမြန်းခဲ့ပြီးတော့ သင့်လျော်တဲ့ လက်ဆောင် တွေကို ပြင်ထားကာ ယွမ်ဟောင်နဲ့ အတူ မြင်းလှည်း စီးရင်းနဲ့ မြို့ဆီ ဆင်းသွားလိုက်လေတယ်။

လီမင်းယင်နဲ့ လော်ရှောင်းတို့မှာ မြို့ပေါ်က မိတ်ဆွေတွေ အများကြီး ရှိလေတယ်။ ဘာလို့လဲ ဆိုတော့ ' ရှောင်းဇီယန် ' နဲ့ အဆက်အသွယ်တွေ ကြောင့်ပဲ ဖြစ်လေတယ်။ သူတို့ နှစ်ယောက်က မြို့မှာ သေးငယ်တဲ့ အဆင့်အတန်း တော့မဟုတ် ခဲ့ပေ။ ဒါကြောင့် ကျန်းဂျင်နဲ့ ယွမ်ဟောင်တို့ ရောက်သွားတဲ့ အခါ မှာတော့ ဧည့်သည်တွေ က ပြည့်တောင် ပြည့်နေခဲ့ ပါပြီ။

သူတို့တွေ ကတော့ မြို့မှာ သိတဲ့ လူနည်းပါး ပါတယ်။ လူတိုင်းက ယွမ်ဟောင်ရဲ့ အမည်ကို ကောင်းကောင်း သိနေကြသော်လည်းပဲ သူတို့က လူကိုတော့ တကယ်ကြီး သိပ်မသိကြပါချေ။

ရှောင်းဇီယန်မှာ အလုပ်လုပ်တဲ့ ကောင်လေး အများစုက လီမင်းယင်နဲ့ လော်ရှောင်း တို့ရဲ့ အစေခံတွေ ပဲ ဖြစ်လေတယ်။ ဦးလေးဝမ် ပါ အပါအဝင်ပေါ့လေ။

ဒါကြောင့်မလို့ ဆိုင်ထဲက အကူမှန်သမျှ အတွင်းပိုင်း အိမ်ထဲမှာ အရမ်း အလုပ်တွေ ရှုပ်နေခဲ့ကြလေတယ်။

ဒီနေ့ က သူတို့ရဲ့ သခင်ငယ်လေး လပြည့် မွေးနေ့မလို့ နှစ်ယောက်ကို ဆိုင်စောင့် ထားကာ ကျန်တဲ့ လူတွေ အကုန်လုံးက အထဲက ဧည့်သည်တွေကို ဧည့်လိုက်ခံ နေခဲ့လေတယ်။ သူတို့တွေ အကုန်လုံး က ကျန်းဂျင် နဲ့ တစ်ခြား သူတွေကို ရင်းနှီးကျွမ်းဝင် ကြပြီးသား ပဲ ဖြစ်ကြလေတယ်။

သူတို့ နှစ်ယောက်လည်း ပေါ်လာရော ကောင်လေး တွေထဲက တစ်ယောက်က မြည်းလှည်းကို ဆွဲသွားပေးကာ ကျန်တဲ့ ကောင်လေးက လော်ရှောင်း ၊ လီမင်းယင် နဲ့ တစ်ခြားသူတွေ  ဆီကို တိုက်ရိုက် ခေါ်သွားခဲ့လေတယ်။

သူတို့ အဲ့ကို ရောက်တဲ့ အချိန်မှာ လော်ရှောင်းနဲ့ လီမင်းယင် တို့က ကလေးငယ်လေးကို အရုပ်အသေးလေး တွေနဲ့ စနောက်နေကာ ထိုမိသားစု လေး သုံးယောက်ကို ကြည့်ရတာ အတော်လေး နွေးထွေးနေခဲ့တယ်။

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now