အပိုင်း (60.1)

2.3K 324 1
                                    

(60.1) ကပ်ဆိုက်သော ကာလ

ယွမ်ကျန်း က လယ်ကွင်းထဲမှာ ငါးထည့်မွေးတဲ့ ပညာရပ်ကို ယွမ်ဟောင် ဆီက သင်ကြားခဲ့တာ ပဲ ဖြစ်တယ်။ သူက တင်းမာကြမ်းတမ်း တဲ့ သူတစ်ယောက် ဖြစ်ပေမယ့် သူ့မှာ နူးညံတဲ့ ဘက်အခြမ်းလည်း ရှိပါတယ်။ သူက အလုပ်ကို ဘယ်တော့မှ လည်း လျစ်လျူ မရှုမသို အကောင်းဆုံး ပြီးမြောက် အောင်လည်း လုပ်လေ့ ရှိတယ်။

အခုအချိန်မှာတော့ ယွမ်ကျန်းဟာ ယွမ်ဟောင် ထပ် ပိုပြီးတော့ လယ်ကွင်းထဲမှာ ငါးထည့် တဲ့ နည်းကို ပိုပြီးတော့ တက်ကျွမ်း နေပြီပဲ ဖြစ်လေတယ်။

ထိုကိစ္စကို လက်ခံ ရရှိပြီးတဲ့ နောက် ယွမ်ကျန်းက ရွာမှ လူငါးယောက် ကို ခေါ်ကာ လယ်ကွင်းတွေ ဆီသွားလေတယ်။ အခုချိန်ထိ လယ်ကွင်းတွေ က ရှင်းလင်းရေး မလုပ်ရသေးတဲ့ အပြင် မျိုးစေ့လဲ မကျဲ ရသေးတာကြောင့် လယ်ကို ဘယ်လို ပုံဖော် ရမလဲ ဆိုတာ ကနေ စပြီးတော့ သင်ကြား ပေးမှာပဲ ဖြစ်လေတယ်။

ယွမ်ဟောင် က ဆိုးဝါးတဲ့ စကားလုံးတွေကို မသုံးပဲနဲ့ စကားလုံး လှလှလေး တွေနဲ့ ပြောခဲ့တာလေ။ ယွမ်ကျန်း က ထိုအပိုင်းမှာ ကျွမ်းကျင်သူ ဖြစ်သွားတာကြောင့် ရွာသူရွာသားတွေကို အတက်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် သင်ပေးပါလိမ့်မယ်။ ဒါပေမယ့် လူတိုင်း တက်မြောက် လိမ့်မယ် လို့တော့ အာမ မခံခဲ့ ဘူးလေ။

ဒါပေမယ့် ရွာသူရွာသားတွေ က မရှင်းလို့ မေးစရာ ရှိလာရင်လည်း ညွှန်ပြပေးလိုက်ဖို့ ယွမ်ကျန်းကို ယွမ်ဟောင် က ပြောထား ပါသေးတယ်။

ရွာက လူတွေ ကတော့ ယွမ်ဟောင် ဆီကနေ အဲ့ နည်းပညာ ကို ရတော့မှာ ဖြစ်လို့ အတော်ပျော်ရွှင် နေကြလေရဲ့။ အဲ့လိုသာ လုပ်နိုင်ရင် စပါးတွေ ရိတ်သိမ်း နိုင်ရုံ သာ မကပဲ ထပ်ဆောင်း အပိုငွေတွေ ပါ ရအုံးမယ်လေ ။

ဘယ်လောက်တောင် ကောင်းလိုက်လဲ!

ခါတိုင်းလိုပဲ ရွာထဲမှာ ခက်ခဲတဲ့ မိသားစု အခြေအနေ ရှိတဲ့ တစ်ချို့ ရွာသားတွေ က ယွမ်ဟောင် ရဲ့ အပြုအမူအတွက် အရမ်းကို ကျေးဇူးတင်နေခဲ့လေတယ်။

ထိုနည်းကို တစ်ရွာလုံး က သင်ကြား ခွင့် ရတယ် ဆိုပေမယ့် သူတို့အတွက်တော့ အတိတ်ရက်တွေ ကထပ် ပိုပြီးတော့ ကောင်းမွန်တဲ့ ရက်တွေ ရောက်လာတော့မှာ ပဲ ဖြစ်တယ်။

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now