အပိုင်း (24)

7.7K 945 32
                                    

(24) အစွန့်လွတ်ခံ ရသော ဝံပုလွေခွေး

ကျန်းဂျင်ရဲ့ ဗိုက် က တဖြေးဖြေးနဲ့ ကြီးသထက် ကြီးလာတာကြောင့် ယွမ်ဟောင် က သူ့ကို စိုးရိမ်တဲ့အတွက် အိမ်မှာ ပဲ နေခဲ့လေတယ်။ ဒါကြောင့် သူက ဘေးပတ်ဝန်းကျင်လောက် ပဲ အမဲလိုက်နိုင်ခဲ့ လေတယ်။

ဒါပေမယ့် ' ရှောင်းဇီယန် ' ဆီကို ဝက်သားပြားတွေ ပို့ပေးနေရဆဲ ဖြစ်တာကြောင့် ယွမ်ဟောင်က ယွမ်ကျားရွာမှာ ရှိတဲ့ သူတို့အိမ်နဲ့ ၅ ဖာလုံအကွာ လောက်မှာ ရှိတဲ့ သားသတ် သမားကို သွားရှာဖို့ ဆုံးဖြတ်လိုက်တယ်။ ထိုသားသတ် သမားက မြို့ရဲ့ ဝက်စျေးကို သွားပြီး သတ်ပြီးသား ဝက်သားတွေ သွားရောင်းလေ့ ရှိတဲ့ သူပဲ ဖြစ်လေတယ်။

ယွမ်ဟောင် ကလည်း သားသတ်သမား ဝု ဆီကို သွားပြီးတော့ စီးပွားရေး ကိစ္စဆွေးနွေးကာ ၂ ပတ် တစ်ကြိမ်ကို ဝက်သား ၁၀၀ ကတ်တီ ပို့ပေး နိုင်မလားလို့ ဆွေးနွေးချင်ခဲ့တယ်။

ရာသီဥတု သယာတဲ့ နေ့တစ်ရက်မှာတော့ ယွမ်ဟောင်က ကျန်းဂျင်ကို သက်တောင့်သက်သာ ရှိတဲ့ နွားလှည်းပေါ်ကို တင်ကာ သားသတ်သမား ဝု ဆီကို တိုက်ရိုက်သွား ခဲ့ကြတယ်။

ဒီလိုရာသီ အတွင်းမှာ လယ်ကွင်းတွေမှာ ကောက်ပင်တွေ သေချာစိုက်ပျိုးထားပြီးကြပြီ ပဲ ဖြစ်လေတယ်။ ပြီးတော့ မကြာခဏ  ဆိုသလို လယ်သမားတွေက အစေ့တွေကို ယူဆောင်လာတာတို့ လယ်ကွင်း အခြေအနေတွေ လာစစ်ဆေးတာတို့ ကို သူတို့တွေ့ ခဲ့ရလေတယ်။

ထိုနေရာမှာ အဆုံးမဲ့တဲ့ လယ်ကွင်းတွေ ရှိနေလေတယ်။ ပြီးတော့ မြို့ပြရဲ့ ညစ်ညမ်းတဲ့ လေထုမျိုးမရှိပဲ လေက အတော်လေး သန့်စင်နေတာ ကြောင့် ကျန်းဂျင်ရဲ့ စိတ်အခြေအနေက ပိုပြီးတော့ ကောင်းမွန်လာပြီ ပဲ ဖြစ်လေတယ်။

'' မနက်ဖြန် ကျရင် ကိုယ်လယ်ကွက် တွေထက်ပြီး သွားဝယ်ဖို့ ရွာလူကြီး ဆီကို သွားလိုက်မယ် ''

ယွမ်ဟောင်က ပြောလိုက်တယ်။

'' အဲ့ကျရင် မင်း စားချင်တာ မှန်သမျှကို စိုက်လို့ရပြီလေ ''

'' ဂျုံ တစ်မျိုးမျိုး စိုက်ကြရအောင် ဂျုံနဲ့ အရသာရှိတဲ့ အစားအစာတွေ အများကြီး လုပ်လို့ရတယ်''

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now