အပိုင်း (22)

8.5K 1K 30
                                    

(22) ဇာထိုးပန်းထိုး အချုပ်အလုပ်

အိမ်ပြန်လာကြတဲ့ အခါ ယွမ်ဟောင်က ကျန်းဂျင် ထက်တောင်မှ ပိုပြီးတော့ စိတ်လှုပ်ရှားလွယ်နေခဲ့ပါတယ်။ သူ့ကိုယ်သူ အရမ်းသန်မာမှန်း သိတာကြောင့် ကျန်းဂျင်တိုတောင် သူမဖက်ရဲတော့ပါပေ။ ဘာလို့လဲ ဆိုတော့ သူ့ရဲ့အားက ကျန်းဂျင်ရဲ့ ဗိုက်ထဲက ကလေးကို ထိခိုက်နာကျင်မှု ဖြစ်စေမှာကို စိုးရိမ်လို့ပဲ ဖြစ်လေတယ်။

ကျန်းဂျင်က အနည်းငယ်တော့ ကြောင်တောင်တောင် ဖြစ်သွား လေတယ်။ သူ့ရဲ့ ကိုယ်ဝန်ဆောင်တွေ အတွက် အန္တရာယ် ရှိတဲ့ အစောဆုံး ကာလ ၃ လက အခုဆို ဒီအတိုင်းပဲ လွန်မြောက်သွား ပြီလေ။ ဒါကြောင့် သန္ဓေသား ကလည်း တည်ငြိမ်နေပြီးတော့ သူကလည်း ပြန်ကောင်းမွန် လာပြီပဲ ဖြစ်တယ်။

ကျန်းဂျင်က ယွမ်ဟောင်ရဲ့ လက်ကို ဆွဲကာ သူ့ခါးတစ်ဝက်မှာ ထားခိုင်းလိုက်တယ်။

'' သူက အရမ်းကို ကျန်းမာပြီးတော့ သန်မာတဲ့ ကလေးလေးပါ။ ကြည့်ပါ့လား။ သူ့ရဲ့ အစောဆုံး လ၃ လကိုတောင် သူဖြတ်ကျော် ခဲ့ပြီးပြီလေ။ အဲ့လောက်ထိ စိတ်ပူမနေပါနဲ့တော့ ''

ယွမ်ဟောင်က ဗိုက်လေးကို အသာလေး ပွတ်လိုက်တယ်။ ကျန်းဂျင်ရဲ့ ကိုယ်ဝန်လေးက သိပ်ပြီးတော့ မထင်ရှားသေးပါဘူး။ ဒါပေမယ့် ထိုထဲမှာ နူးညံပြီး သန်မာကြံခိုင်တဲ့ အသက်လေးတစ်သက်ကို ဖုံးကွယ် ပေးထားတယ်။ ပြီးတော့ အဲ့တာက သူတို့ရဲ့ ကလေးလေးပဲလေ။

သူက ကျန်းဂျင်ကို သူ့လက်မောင်းထဲမှာ နူးညံစွာ ပွေ့ဖက်လိုက်ကာ နားရွက်လေးကို အသာလေး ပွတ်ပြီးတော့ အသံနိမ့်နိမ့်လေးနဲ့ ပြောလိုက်တယ်။

'' ကျေးဇူးတင်ပါတယ် ''

ကြည့်ရတာ တော့ သူ့ရဲ့ ကံကြမ္မာက သူများတွေတွေး သလိုမျိုး ဖြစ်လာမှာ မဟုတ်တော့ဘူး။

ထိုပြန်လာတဲ့ နေ့ကစလို့ ယွမ်ဟောင်က ကျန်းဂျင်ကို ဘယ်နေရာဆီကိုမှ လျောက်မပြေး ခိုင်းတော့ပေ။

ဒါပေမယ့် ကျန်းဂျင်ကတော့ ဆန့်ကျင်ပြီးတော့ ချက်ပြုတ်ဆဲပါပဲ။ ယွမ်ဟောင်က ကျန်းဂျင် ပင်ပန်းမှာကို ကြောက်နေပေမယ့် သူ့ဇနီးချက်တာက အတော်လေး အရသာရှိတယ် ဆိုတာ ကိုတော့ သူသိလေတယ်။

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now