အပိုင်း (38.1)

4.9K 670 17
                                    

(38.1) 

လော်ရှောင်းရဲ့ ပြောစကားကြောင့် နောက်တစ်ရက်မှာ ပဲ ဝမ်မိသားစု က တုန်လှုပ်သွား ကြတော့တယ်။ ဝမ်မိသားစုက ဝမ်ဇီမင် ထံကနေ သတင်စ အသစ်ကို ကြားလိုက် ရပြီးတော့ ချက်ချင်းပဲ လော်မိသားစု ကို သွားကာ ဖြေရှင်းချက် တောင်းခဲ့လေတယ်။

လော်ကျန်း ဟာ လော်ရှောင်း တစ်ယောက် ဒီလို စကားမျိုး ပြောလိမ့်မယ်လို့ မထင်ခဲ့လေဘူး။ ပြီးတော့ သူသေမတက်ကို ဒေါသ ထွက်သွားလေတယ်။

သူက ဝမ်မိသားစုကို တောင်းပန်ခဲ့ ပြီးတော့ သူသေရင်တောင်မှ ပဲ လော်ရှောင်းကို ဝမ်မိသားစုနဲ့ လက်ထပ်ပြီး ဝမ်မိသားစု ဆီကို ပို့ပါမယ်ဆိုပြီး ပြောကာ ဝမ် မိသားစုနဲ့ စေ့စပ်မှု လုပ်ခဲ့ ရတာ ကိုလဲ နောင်တ မရဘူးလို့ ပြောခဲ့တယ်လေ။

လော်ကျန်းက အလွန်အမင်း စိတ်တိုသွားပေမယ့် အရမ်းစိတ်အေးစွာ ထားလိုက်တယ်။ သူက ပထမတုံး ကလိုမျိုး လော်ရှောင်းကို ပိတ်မထားတော့ပဲ လွတ်လပ်စွာ ဆော့ကစားစေတယ်။ ပြီးတော့ လက်ထပ်ပွဲ ပျက်သွားပြီ လို့လဲ ထင်နေစေတယ်။ ဒါမှသာ ကလန် ကဆန် မလုပ်နိုင်မှာ ဖြစ်ပြီးတော့ ထွက်ပြေးဖို့ မစဥ်းစား နိုင်မှာပဲ ဖြစ်လေတယ်။

ကျူအန်း ကလည်း သူ့ရဲ့ လုပ်ငန်းစဥ်ကို ဖြတ်ဆီးမှာ ကြောက်တဲ့ အတွက်ကြောင့် ကျူအန်း ရှေ့မှာ ဝမ်မိသားစုနဲ့ စေ့စပ်မှု ဖြတ်သလို ဟန်ဆောင် ခဲ့ပြီးတော့ တုံလင်မြို့က စီးပွားရေး ပြဿနာ ဖြေရှင်းဖို့ ချော့မော့ကာ  စေလွှတ်လိုက်လေတယ်။

ကျူအန်း ကတော့ လော်ကျန်းက သူ့ကို ဘယ်တော့မှ မလိမ်လောက်ပါဘူး ဆိုပြီးတော့ သူ့ကိုယ်သူ ဖြေသိမ့်လိုက်တယ်။ ဒါကြောင့် လော်ကျန်းရဲ့ တောင်းဆိုမှုကို လက်ခံ ပြီး တုံလင် ကို သွားဖို့ လုပ်ခဲ့တယ်။

တွက်ကြည့်ရရင် မြို့တော် ကနေ တုံလင် အထိ အသွားခရီးက တစ်ရက်ပဲ ကြာတာ ဖြစ်လို့ ဟိုက ကိစ္စတွေ အခြေတည်သွားရင် အမြန်ပြန်လာ လို့ရတယ်လို့ သူတွေးမိခဲ့တယ်လေ။

လော်ကျန်း က လည်း ဒီအတွေးကို သိပြီးသား မလို့ လမ်းမှာ ကျူအန်းကို နှောင့်နှေးစေမယ့် အထူးလူတွေကို ပြင်ထားပြီးပြီ ဖြစ်လို့ လော်ရှောင်းရဲ့ ၁၈ နှစ်ပြည့် မွေးနေ့ ရက်မှာတောင် ပြန်လာနိုင်မှာ မဟုတ်လေဘူး။

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now