အပိုင်း (44. 2)

3.8K 496 5
                                    

(44. 2)

ယွမ်ယောင်ယန်က သူ့သားဟာ သိုင်းပညာမှာ အရမ်းထူးထူးခြားခြား ပါရမီ ရှိတဲ့ အတွက်ကြောင့် အရမ်းနှစ်သက်မိလေတယ်။ သူကိုယ်တိုင်က လည်း သူ့သားကို သိုင်းပညာ သင်ပေးသလို ဆရာတွေ ဖိတ်ပြီးတော့လည်း အလှည့်ကျ သင်ပေးစေ ခဲ့တယ်။

ယွမ်ယွဲ့က အထူးသဖြင့် ဓားသုံးတဲ့ နေရာမှာ ပိုပြီးတော့ ထက်မြတ်လေတယ်။ ချီရွှမ်ဟွားက သူတို့ပြောင်းလာတဲ့ အချိန်တုံးက ဓားတစ်လက်ကို အမွေဆိုင် ပစ္စည်းဆိုပြီးတော့ ယူဆောင်လာခဲ့လေတယ်။ ယွမ်ယောင်ယန် က ထိုကဲ့သို့ မျိူးရိုးစဥ်ဆက် ရတနာ ဓားကို ယွမ်ယွဲ့ဆီ လွဲပြောင်း ပေးလိုက်လေတယ်။

ယွမ်ယွဲ့က အသက်၂၅ နှစ်မှာတင် သူက ကိုယ်ပိုင်ဓားသိုင်း ပညာကို ဖန်တီးနိုင်ခဲ့လေတယ်။ ထိုဓားသိုင်းကြောင့်ပဲ ယွမ်ယွဲ့က ကျန်းဟူ ထဲကို ဝင်သွားခဲ့လေတယ်။ ဒါက တော့ နောက်ဇာတ်ကြောင်း တစ်ခုပေါ့လေ။

ယွမ်ယောင်ယန်ရဲ့ သူငယ်ချင်း ဖြစ်တဲ့ လီမျိုးရိုးရဲ့သား ဖြစ်သူ လီချင်းက ယွမ်ယွဲ့ရဲ့ ကစားဖော် ဖြစ်လာခဲ့တယ်။ သူတို့ မိသားစုတွေရဲ့ ကြားက ဆက်ဆံရေး ကလည်း အလွန်ကောင်းကာ  ငယ်စဥ်ကတည်း ကနေ အချင်းချင်း သိလာကြတာ ပဲ ဖြစ်လေတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လီချင်းက အနာဂတ် သူတို့အိမ်ရဲ့ သားမက်လေး ဖြစ်ပြီးတော့ ချောမောတဲ့ သွင်ပြင်ရယ်၊ လူတွေ ကိုကြောက်တက်တဲ့ စရိုက်လေးရယ် နဲ့  လူတွေရဲ့ နှစ်သက်မှုကို ဘယ်လိုရအောင် လုပ်ရမလဲ ဆိုတာ ကို သိတဲ့ အတွက်ကြောင့် ပိုလို့တောင် သဘောကျ ကြလေတယ်။

ယွမ်ယွဲ့ကလည်း သေချာပေါက် လီချင်းရဲ့ ဖမ်းစားမှုကို ခံရတာ ပေါ့လေ။ ပြီးတော့ လီချင်းကိုလည်း အရူးအမူးချစ်မိသွားပြီး မပြောင်းလဲ နိုင်ပါတော့ချေ။

လီမိသားစုက တစ်နေ့မှာတော့ အဝေးတစ်နေရာဆီကို ပြောင်းရွေ့သွားခဲ့တယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ် ကတည်းက သူတို့ဟာ အခုနေရာမှာ အမြစ်တွေချနေကာ စီးပွားရေးတွေ အများကြီးလဲ လုပ်ခဲ့လေတယ်။ ယွမ်ယောင်ယန်က လီမိသားစု ရဲ့ခေါင်းဆောင်ကို အလွန်ယုံကြည်လေတယ်။ ​ပြီးတော့ ညီအကို အရင်းတစ်ယောက် လိုတောင် မှတ်ယူ ထားသေးတယ်။ သူတို့ မိသားစုတွေ ကြားက ဆက်ဆံရေးကိုပါ ပေါင်းထည့်လိုက်တော့ လီမိသားစု ဒုက္ခ ရောက်နေတယ်လို့ ကြားလိုက်ရတဲ့ အချိန်မှာ ယွမ်ယောင်ယန်က စကားတစ်ခွန်း မပြောပဲ ကူညီပေးခဲ့တယ်။

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now