အပိုင်း (30)

6.9K 891 14
                                    

(30) လော်ရှောင်းထံ ထပ်မံ သွားရောက် လည်ပတ်ခြင်း

ဆရာယွမ်ရဲ့ တာဝန်ကို ယူဖို့ရာ အတင်းတွန်းအား အပေးခံ ရပြီးတဲ့ နောက်မှာတော့ ကျန်းဂျင် တကယ်ကြီး မသက်သာ တော့ပေါချေ။

ယွမ်ဟောင် က ဒီရက်တွေမှာ စိတ်ဖောက်ချင်တဲ့ အရိပ်အယောင်တွေ ပြသနေတာကြောင့် ကျန်းဂျင်လည်း တက်နိုင်သမျှ ချော့မော့ပေးရလေတယ်။ သူတို့က ဒါကိုမလုပ်နိုင်ဘူး ဆိုတာမျိုးတော့ မဟုတ်ပေ။ တကယ်လို့ သူတို့သာ ဒီတာဝန်ကို မလုပ်ရင် ရွာနဲ့ ကောင်းမွန်တဲ့ အခြေအနေမျိုး ရတော့မှာ မဟုတ်လို့ပဲ ဖြစ်တယ်။ သူတို့က တောင်ပေါ်မှာ အတည်တကျ နေတာ ဖြစ်ပေမယ့် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်လာမှာ စိုးရိမ်လို့ပဲ ဖြစ်လေတယ်။

နောက်ရက်မှာတော့ ကလေး အုပ်စုကြီးကို သူတို့ရဲ့ အကြီးတွေ ကနေ ခေါ်လာခဲ့လေတယ်။ တစ်ချို့လူတွေက ခြင်းတောင်းထဲမှာ ကြက်ဥတွေ သကြားတွေ ကို ကျန်းဂျင် အတွက် ယူလာခဲ့ပေးပြီးတော့ တစ်ချို့တွေ ကတော့ သူတို့ရဲ့ ကျေးဇူးကိုသာ ပြကြတယ်။

( ဘာမှမပေးဘူးလို့ ​ပြောတာ)

ယွမ်ဟောင် ကတော့ လုံးဝကို ယဥ်ကျေးမနေပဲ ယွမ်ကျယ် ကို ပြောကာ ထိုအရာအားလုံးကို လက်ခံ ယူစေလိုက်ပြီးတော့ စတိုခန်းထဲကို သွားထားခိုင်း လိုက်တယ်။ ဒါပေမယ့် သူ့ကတော့ ဘယ်သူ့ကိုမှ မျက်နှာသာပေး မနေခဲ့ပေ။

ထို ကလေးတွေကို စာသင်ပေးဖို့ရာ ယွမ်ဟောင်နဲ့ ကျန်းဂျင်တို့က သေချာညွှန်ကြားပြီးတော့ ယွမ်ကျန်းနဲ့ ယွမ်ပေါ်တို့ကို စာသင်ခန်းလုပ်ဖို့ရာ တဲလေး ဆောက်ခိုင်း ထားလေတယ်။

အကြီးတွေက သေချာဂရုတစိုက် ရှင်းပြထားတဲ့ အတွက်ကြောင့်လားတော့ မသိပေ။ ကလေးတွေက ပထမဆုံး တွေ့ဆုံ့တဲ့ အချိန်မှာပဲ အရမ်းကို နာခံမှု ရှိလေတယ်။

နောက်ဆုံးမှာတော့ ကျန်းဂျင်က ယွမ်စုယန် ပြောပြတဲ့ ယွမ်ကျားမင် ဆိုတဲ့ ကလေးလေးကို တွေ့ဘူးသွားလေတယ်။ ထိုကလေးက ဝဝကစ်ကစ်လေး ဖြစ်နေတာ မလို့ သူက မိသားစုရဲ့အချစ်တော်လေး ဆိုတာကို ခန့်မှန်းလို့ရလေတယ်။ ပထမဆုံး ရက်မှာ ပြဿနာ မရှာသေးပေမယ့်လည်း ထိုကလေးရဲ့ စကားလုံးနဲ့ အပြုအမူတွေက နေတစ်ဆင့် အတော်လေး ကောင်းမွန်တဲ့ ကျောင်းသား မဟုတ်ကြောင်း  ဆိုတာကို တွေ့နိုင်တယ်။

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now