အပိုင်း (7)

11.6K 1.5K 20
                                    

[ 7]  အမှန်တရား

ဒီရက်တွေမှာ ယွမ်ဟောင်က သူ့ရဲ့ ဒေါသတွေ မကြာခဏ လွတ်သွားတက်တဲ့ အကျင့်က ရပ်တန့်လာခဲ့ ပြီးတော့ မကြာခဏ စိတ်အေးလက်အေး နဲ့နေနိုင် လာခဲ့တယ်။

သူတို့  ၂ ယောက် အတူတကွ ရှိနေတာက ပိုပြီး အဆင်ပြေ ချောမွေ့ လာပြီးတော့ ကျန်းဂျင် အပြင်ထွက်ချင်တဲ့ အခါကျရင်လည်း ယွမ်ဟောင်က အခန်းထဲမှာပဲ ပိတ်မထားတော့ပါပေ။ ဒါပေမယ့် ပထမဆုံး အရာအနေနဲ့ ယွမ်ဟောင် လုပ်တာကတော့ ထိုနေရာမှာ သူရှိနေသေးလား ဆိုတာကို လာကြည့်တာ ပါပဲ။

ယွမ်ဟောင်က သူ့ကို ဒီ့ထက်ပိုပြီး ယုံကြည်လာစေဖို့ အချိန်အတော်ကြာ ယူပြီး တည်​ဆောက် ရအုံးမယ် ဆိုတာကို ကျန်းဂျင် သိပါတယ်။

'' ယွမ်ဟောင် မင်းဒီမှာ ရှိလား? ''

ကျန်းဂျင် ခမျာ အရမ်းပျော် သွားတယ်။ ဒီလောက် ရက်တွေ အများကြီးကြာမှ သူတို့ဆီကို လာလည်တဲ့ ပထမဆုံး လူပဲလေ။ သူက အခန်းထဲကနေ မြန်မြန် ပြေးထွက်လာတော့ အသက်၅၀ လောက်ရှိနေတဲ့ အဖိုးကြီးက တံခါးဆီကို မြန်မြန်လျောက် လာတာ တွေ့လိုက်ရတယ်။

အရပ်အမောင်းကတော့ အလယ်အလတ် သာမန်မျှသာ ရှိပြီးတော့ သူ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံး ကလည်း ဖျက်လက်တက်ကြွ မှုတွေ ပြည့်နေခဲ့တယ်။

အစကတည်းက ပင်မ ဧည့်ခန်း ထဲမှာ ရှိနေတဲ့ ယွမ်ဟောင်ဟာ ထိုအသံကို ကြားတော့ သွားပြီး နှုတ်ဆက်လိုက်တယ်။

'' မေမေ ကျန်း အထဲကို ဝင်လာပြီးတော့ ထိုင်ပါအုံး ''

ထိုင်ပြီးတဲ့နောက် မေမေကျန်းလို့ ခေါ်တဲ့ သူက ပြောလာခဲ့တယ်။

'' မင်း ငါ့ကို နောက်ဆုံးပြောခဲ့တဲ့ ဆန် ၁၀ ကီလို တောင်းခဲ့တုံးကတည်း ကလေ။ ရွာသားတွေရဲ့ ဘဝတွေက အရမ်းခက်ခဲ နေခဲ့တာပါကွယ်။ ဆန်၁၀ ကီလို ရှိတဲ့ သူတွေကလည်း အနည်းငယ်လောက် ပဲ ရှိတာလေ။ အဲ့အထဲက အများစုကလည်း ရောင်းပြီးသွားကြပြီ။ နောက်ဆုံးမှာတော့ ယွမ်လင်း လို့ခေါ်တဲ့ ကောင်လေးရဲ့ မိသားစု ဆီမယ် ရှိတယ်ဆိုတာကို ငါသိခဲ့ရတယ်လေ။ တကယ်လို့ မင်းမှာ အချိန်ရှိရင် အဲ့နေရာကို သွားပြီး ယူလိုက်လေ။ သူတို့ကတော့ မြို့မှာ ရောင်းတဲ့ စျေးအတိုင်း ရောင်းလိမ့်မယ်။ အဲ့တာကို အရမ်းစျေးကြီးတယ်လို့ မထင်လိုက်နဲ့နော်။ အခုချိန်မှာ ဆန်စျေးတွေက မြင့်တက်နေတာကြောင့် မင်းသာ မဝယ်ထား ဘူးဆိုရင် နောင်မှ ခံစားနေရမယ်နော်''

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now