အပိုင်း (16)

10.8K 1K 50
                                    

(16) 

၂ ယောက်သား ချစ်ခင်ကြင်နာစ ကာလဦးကို ရောက်ခဲ့ပြီး ကတည်းက နှစ်ယောက် စလုံး ပိုမိုနီးကပ်လာခဲ့ကြတယ်။

ကျန်းဂျင်ဟာ သူက ဘယ်သူပါ ဆိုတဲ့ မူရင်းအကြောင်းအကြာ ကို ယွမ်ဟောင်အား မပြောပြဖို့  ရွေးချယ်ဆဲ ပါပဲ။ ဒါပေမယ့် ယွမ်ဟောင်ကလည်း မေးချင်တဲ့ အရိပ်အယောင် မရှိခဲ့ပါပေ။

ကျန်းဂျင် တစ်​ယောက် ဘာလို့မှန်းတော့ မသိပေမယ့် ယွမ်ဟောင်က သူ့အပေါ်ထားရှိတဲ့ မလုံခြုံတဲ့ စိတ်ခံစားချက်တွေ ပျောက်ကွယ် သွားတယ်လို့ ကျန်းဂျင် ခံစားရလေတယ်။

ထိုကိစ္စပြီး ကတည်း ကယွမ်ဟောင်က ပိုတည်ငြိမ် လာကာ စိုးရိမ်စိတ် များခြင်းနဲ့ စိတ်ဖောက်ခြင်းတွေ ဖြစ်မလာခဲ့တော့ပေ။

ဒါကို မပြောနဲ့အုံး သူတို့ တကယ်အတူ တကွရှိသွား ပြီးကတည်းက သူတို့ရဲ့ ဂူထဲမှာ နေရတဲ့ ဘဝဟာ ပိုပြီးတော့ ချိူမြိန် နွေးထွေးလာတယ်လေ။

( ဘာလဲ လင်မယားအရာ မြောက်သွားကြပြီလား 😐 ဘယ်တုံးကလဲ)

ကျန်းဂျင်က ချက်ပြုတ်နေချိန်မှာ ယွမ်ဟောင်က သူ့ဘေးနားမှာ ကစားနေခဲ့တယ်။ ကျန်းဂျင်က ပုလွေမှုတ်နေရင်တော့ ယွမ်ဟောင်က ကောင်လေးကို သူ့လက်မောင်းထဲ ထည့်ကာ ဖက်ထားပြီးတော့ သေချာ နားထောင် လေ့ရှိတယ်။

ညစာ စားပြီးတဲ့နောက် ၂ ယောက်သား ရေပူစမ်း မှာ ရေစိမ်လေ့ရှိတယ် ။ ပြီးတော့ ညနေခင်းအထိတိုင်အောင် အချင်းချင်းပွေ့ဖက် ထားခဲ့ကြတယ်။

(😞😑😯)

ထိုနေ့ရက်တွေမှာ သူတို့က ကမ္ဘာကြီးနဲ့လုံးဝကို အဆက်အသွယ် ဖြတ်ထားခဲ့လေတယ်။ နေဝင်ချိန်နဲ့ နေထွက်ချိန် တွေက သူတို့ဘဝမှာ ပျောက်ဆုံးနေပြီးတော့ သူတို့အချင်းချင်းပဲ ရှိတဲ့ ကမ္ဘာလေး ထဲမှာ နစ်မြုပ် ပျော်မွေ့နေကြတယ်။ ပြီးတော့ သူတို့ရဲ့ အသိအာရုံတွေကိုလည်း မေ့လျော့ထား ကြခဲ့တယ်လေ။

'' ဒီလိုဆိုရင် နွေဦး ရာသီပွဲတော်က လာတော့မယ်မလား?''

ကျန်းဂျင်က အစာသိုလှောင် ထားတဲ့ အခန်း အသေးလေးထဲ ဝင်တဲ့အချိန်မှာ စာရေးကိရိယာတွေ ရောင်းလိုက်တဲ့ လူဆီကနေ ဝယ်လာတဲ့ အနီရောင် စာရွက်လေးတွေကို တွေ့သွားတယ်။ ဒါကြောင့်မလို့ သူက နှစ်သစ်ကူးကို သတိရသွားတယ်။

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now