အပိုင်း (59)

2.3K 320 1
                                    

(59) အလုပ်ရှုပ်သော နွေဦးရာသီ

လော်ရှောင်း က မာကျောင့် တစ်စုံ လုပ်ချင်နေတာကို ကျန်းဂျင် သိသွားတဲ့ အချိန်မှာတော့ မာကျောင့်ကို ဘယ်လိုလုပ် ရမလဲဆိုတာ ကို သင်ပေးခဲ့လေတယ်။

လော်ရှောင်းက မာကျောင့် ဘယ်လိုလုပ်ရမလဲ ဆိုတာ အသေးစိတ်မသိပေ။ ဒါပေမယ့် သေချာတာ တစ်ခုကတော့ သူ့ရဲ့ အခြေအနေကြောင့် မာကျောင့်တုံး တွေကို သစ်သားတွေနဲ့ မသုံးတော့ပေ။

မာကျောင့်တွေက ဝါးတုံးနဲ့ တစ်ချို့အရိုးတုံး တွေ ပါလုပ်တယ် ဆိုတဲ့ ကျန်းဂျင်ရဲ့ အပြောကို လော်ရှောင်း ကကြားသွား ပြီးကတည်း ကပေါ့လေ။ နောက်ပိုင်း မျိုးဆက် က မာကျောင့်နဲ့ပိုတူ ဖို့ရာအတွက် ကျန်းဂျင်က ပတ်တန်တွေ ကို သေချာ ရေးဆွဲလိုက်ပြီးတော့ မာကျောင့်တုံးတွေ ပေါ်ကို ရေးဆွဲဖို့ လော်ရှောင်းကို ပေးလိုက်လေတယ်။

ဘာပဲ ဖြစ်ဖြစ်ပါလေ လော်ရှောင်း လုပ်မယ့် မာကျောင့်တုံးတွေက အခုလို ရိုးရှင်းတာထက် ပိုမယ်လို့တော့ ကျန်းဂျင် မျှော်လင့်မိလေတယ်။

လတစ်ဝက် ကြာပြီးတဲ့နောက်  လော်ရှောင်း ဆီကနေ လက်ဆောင်အဖြစ် မာကျောင့် တစ်စုံကို တစ်ယောက်ယောက်နဲ့ အမှာပါးပြီး ကျန်းဂျင်က လက်ခံ ရရှိခဲ့လေတယ်။ လက်မှု ပညာကောင်းကောင်းနဲ့ ပစ္စည်းတွေ စုံတာကြောင့် သူ့အိမ်က သစ်သားတုံးလေးတွေက နှိုင်းယှဥ်လို့ မရပေ။ လော်ရှောင်းက မာကျောင့်လုပ်ဖို့ နွားအရိုးတွေ ကို အသုံးပြုခိုင်း ခဲ့လေတယ်။

မာကျောင့်လည်း လုပ်ပြီးရော လော်ရှောင်းက ထို ကစားနည်းကို လူသိများစေဖို့ လုံးဝ မစောင့်နိုင်တော့ပေ။ သူက အရင်ဆုံး အိမ်က အစေခံတွေကို သင်ပေးတယ်။ ပြီးတော့ စီးပွားရေး မိတ်ဆွေ တွေကိုပါ သင်ပေးတော့တယ်။

မာကျောင့်က ချန်အန်း တစ်မြို့လုံး မှာ ကျော်ကြားသွားပြီးတော့ ရှနိုင်ငံတော် တစ်ခွင်မှာ လူကြိုက်အများဆုံး ကစားနည်း ဖြစ်သွားတော့တယ်။ တစ်ခြားမြို့တွေတောင်မှပဲ ထိုကစားနည်းရဲ့ နှစ်လိုဖွယ် ကနေ မလွတ်မြောက် နိုင်ခဲ့ပေ။ လောင်းကစားရုံ တစ်ရုံ ရှိနေသရွေ့ မာကျောင့် က အဒွန့်ရှည် နေအုံးမှာပဲ!

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now