အပိုင်း ( 14)

10.2K 1.3K 32
                                    

(14)

ပထမ ဆုံး နှင်းကျပြီး ကတည်းက အပူချိန်ပါ လိုက်ထိုးကျ သွားလေတယ်။ ပြီးတော့ အဖြူရောင် နှင်းထုကြီးက လေးလံ များပြားစွာ ကျဆင်းခဲ့တာကြောင့် တောင်တန်းကို စည်းခြားထားဟန် ပေါ်နေလေတယ်။

ဂူထဲမှာ နေရတဲ့ ရက်တွေက အရမ်း သက်တောင့် သက်သာ ရှိလေတယ်။ ကျန်းဂျင် တစ်ယောက် အရင်က အခုလောက်ထိ မအေးချမ်း ဘူးပါပေ။ သူက တစ်ခြား ဘာတွေ မှ တွေးစရာ မလိုပဲနဲ့ သူလုပ်ချင်တာကို လုပ်နိုင် လေတယ်။

အဲ့နေ့တွေမှာ ကျန်းဂျင်က တစ်နေ့ကို ထမင်းသုံးနပ် ပြည့်အောင် စားလေတယ်။ ယွမ်ဟောင်ရဲ့ ပန်းကန်လုံး ထဲမှာဆို အစားအသောက်တွေက အလျံအပယ်ပဲ ထည့်ပေးလေ့ ရှိတယ်။ ကျန်းဂျင် တစ်ယောက် ချက်ပြုတ်တဲ့ နေရာကို တာဝန်ယူတဲ့ စားဖို မှုးလည်း လုပ်ပြီးရော သူတို့ စားရတဲ့ ထမင်းဟင်းတွေ ကလည်း ပိုပိုပြီးကောင်းတဲ့ လက္ခဏာ ပေါ်လာခဲ့တယ်လေ။

ဘာလို့လဲ ဆိုတော့ နေ့တိုင်း အားယား နေတာမလို့ ကျန်းဂျင်က မနက်စာ ၊ နေ့လည်စာနဲ့ ညစာကို အကောင်းဆုံး ဖြစ်အောင် ချက်ပြုတ်လေ့ရှိတယ်။ ရလဒ် အနေနဲ့ကတော့ ကျန်းဂျင်ရဲ့ ကိုယ်က အလေးချိန် အများကြီး တက်လာပြီးတော့ ယွမ်ဟောင်ရဲ့ စားချင်စိတ်ကလည်း ပိုကောင်း လာခဲ့တယ်။ သူကတော့ ဘယ်တော့မှ ဝမလာပေမယ့်  အတော်လေးကို သန်မာလာခဲ့တယ်။

ဝ လာတဲ့ ကျန်းဂျင်က အခန်း ၃ ခန်းထဲက တစ်ခန်းကို သူ့ရဲ့ လေ့ကျင့်ခန်းအဖြစ် ပြောင်းလိုက်လေတယ်။ ကျန်းဂျင် တစ်ကယ်မမျော်လင့် ထားတာ ကတော့ ယွမ်ဟောင်က ထိုပစ္စည်းတွေကို လုပ်တက်နေမယ်ဆိုတာပေါ့။

ယွမ်ဟောင်က ထို ဟာကို ပထမဆုံး ထိုးလိုက်တာကို သူတွေ့ရချိန်မှာ ကျန်းဂျင် အတော်လေးကို တုန်လှုပ်သွားလေတယ်။ အဲ့ဒါက ခေတ်သစ် လက်ဝှေ့ထိုး တာတော့လောက် မဟုတ်ပေမယ့် တကယ့်လက်ဝှေ့ထိုးတာ ပဲ ဖြစ်လေတယ်။

သူ့ရဲ့ လှုပ်ရှားမှု တိုင်းက အားမာန် ပြည့်နေကာ တစ်ခါထိုးတိုင်း ပိုမြန်လာကာ တိကျမှုနဲ့ သန်မာမှုတို့ ပြည့်နေခဲ့လေတယ်။ သာမာန် လူတစ်ဦးက သာ ထိုထိုးချက် တစ်ခုလောက်များ အထိုးခံလိုက်ရရင် သူတို့ရဲ့ ဘဝတွေကို တာ့တာ ပြသွားရလောက်လေတယ်။

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now