အပိုင်း (33.1)

6.1K 851 4
                                    

(33.1)

ကျန်းဂျင်နဲ့ လော်ရှောင်းတို့က မတွေ့တာ ကလေးလေးရဲ့ လပြည့်မွေးနေ့ပွဲ ကတည်းကပဲ။ နောက်ပြီးတော့ သူတို့ရဲ့ မိဘတွေကလည်း လာတွေ့ နေတာကြောင့် ကျန်းဂျင် က လော်ရှောင်း ဆီကို မသွားဖြစ်ခဲ့ပါချေ။ ဒါပေမယ့် မကြာခင်မှာပဲ လော်ရှောင်း ဆီကနေ စာတစ်စောင် ရောက်လာခဲ့တယ်။ ပြောတာကတော့ သူ့မိဘတွေ ကိုပါ သူနဲ့အတူ ခေါ်လာပြီးတော့ လျောက်ကြည့်ဖို့ ပြောထားတာ ပဲ ဖြစ်လေတယ်။ ကျန်းဂျင် တစ်ယောက် အနည်းငယ်တော့ ရှက်မိသွားတယ်။

ဝက်သား ပြားကို လာယူတဲ့ ကောင်လေးက စာကို ပေးပြီးတော့ ထွက်သွားလေတယ်။ ကျန်းဂျင်ကတော့ စာကို ဖတ်ပြီး စဥ်းစားနေခဲ့လေတယ်။

ဘယ်လိုမျိုး ပြင်ဆင် ထားရင် ကောင်းမလဲ ဆိုတာမျိုးပေါ့။

လော်ရှောင်းရဲ့ မိဘတွေက ကမ္ဘာမှာ အကောင်းဆုံး ဆိုတာတွေကို မြင်တွေ့ဘူး ပြီးသား ဖြစ်လောက်တယ်။ ထပ်ပြီး ပြောရရင် သူတို့က လော်ရှောင်းနဲ့ လီမင်းယင်တို့ရဲ့ မိတ်ဆွေတွေ ဖြစ်လို့ လော်ရှောင်း မိဘတွေက လျစ်လျူမရှု လိုက်တာပဲ ဖြစ်ရမယ်လို့ တွေးမိလေတယ်။

ဒါ့ထက် ပိုပြီးတော့ ပြောရရင် ဒီနေရာကို ထိုမိသားစု လာလည်ကြမှာ ပထမဆုံး အကြိမ်ပဲ ဖြစ်လေတယ်။ ဒါကြောင့် မလို့ ကျန်းဂျင်နဲ့ ယွမ်ဟောင် တို့က ဒီရက်တွေ ထဲမှာ ဘယ်လို ပြင်ဆင် ရမလဲ ဆိုတာကို ဆွေးနွေးခဲ့ကြလေတယ်။

နှစ်ရက် ကြာပြီးတဲ့နောက် ဇိမ်ခံ လှည်း သုံးစီးက တောင်ပေါ်ကို ဖြေးညှင်းစွာ တက်လာခဲ့ကြတယ်။  ပြောရရင်တော့်မ်ဟောင်ရဲ့ ဘိုးဘေး တွေကလည်း စတုရန်းမီတာ ရာပေါင်းများစွာ ရှိတဲ့ မြေကွက်တွေကို ပိုင်ဆိုင် ခဲ့ဘူးတယ်လေ။ အဲ့အချိန်တုံး ကဆိုရင် သူ့မိသားစု အိမ်က ထိုနေရာရဲ့ အနီးတစ်ဝိုက်မှာ ဒီဇိုင်း အကောင်းဆုံးပဲလေ။

လမ်းကလည်း ပြန်လည်ပြုပြင် ထားတဲ့ အတွက်ကြောင့် လုံးဝ အကောင်း ပကတိ ရှိနေဆဲ ပါပဲ။ ဒါကြောင့် မြင်းလှည်းတွေက ဘယ်လောက် ထိပဲ ကြီးနေပါစေ တောင်ပေါ်ကို တက်လာဖို့က လုံးဝကို ကိစ္စမရှိပါချေ။

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now