အပိုင်း (10)

11.4K 1.4K 31
                                    

(10)

ကျန်းဂျင်က ယွမ်ဟောင်ကို တွဲကာ ခလုတ်တိုက်မိပြီးတော့ အိပ်ယာပေါ်ကို အတူတူလဲ ကျသွားတယ်။ အရမ်းမောနေတာကြောင့် သူက ကိုမာ ဝင်လုနီးပါးပဲ။

ကျန်းဂျင်က ယွမ်​ဟောင် ရဲ့ အဝတ်တွေကို ချွတ်လိုက်ပြီးတော့ မသက်မသာ ဖြစ်စေတတဲ့ အဝတ်တွေ ကိုလည်း ဆွဲဖြဲ လိုက်တော့တယ်။

ယွမ်ဟောင်ရဲ့ သန်မာ တောင့်တင်းတဲ့ ကိုယ်ပေါ် မှာ ကြောက်စရာ ဒဏ်ရာ အသစ်တွေရော အဟောင်းတွေ ပါပြည့်နေခဲ့တယ်။ ပြီးတော့ သွေးစီးကျောင်း တွေ လည်း ကျနေ ပြီးတော့ ကြည့်ရတာ အရမ်းကို တုန်လှုပ်စရာ ကောင်းနေလေတယ်။

ကျန်းဂျင်က ယွမ်ဟောင်ရဲ့ ဒဏ်ရာ တွေကို လက်ချောင်းလေးနဲ့ ထိတွေ့နေရင်း သူ့ရဲ နှလုံးသား တွေထဲမှာ ခါးသီးမှုတွေ ပြည့်နှက် စီးဆင်းလာလေတယ်။

ယွမ်ဟောင်က  အပြင်းအထန် မျက်မှောင်ကြုတ် လိုက်ပြီးတော့ သူ့ရဲ့ စိတ်ခံစားချက် တွေကလည်း ထပ်ပြီးတော့ အတက်အကြ ဖြစ်နေခဲ့လေတယ်။ သူက အတော်လေးကို လုံးဝ တည်ငြိမ်သွားတဲ့ အထိ ကျန်းဂျင်က အလျင်အမြန် ပွေ့ဖက်ကာ နှစ်သိမ့်မှု ပြုလုပ်လိုက်တယ်။

ဒါတွေ ပြီးတဲ့နောက် ကျန်းဂျင်က ရေနွေးတစ်အိုး အမြန်တည်လိုက်တယ်။ အတော်အကြာပြီးနောက် ရေနွေးဆူပွတ်လာတာကြောင့် ကျန်းဂျင်က ခပ်လာကာ နွေးနွေးလေး အနေအထားမှာပဲ ယွမ်ဟောင်ရဲ့ ဒဏ်ရာတွေ တစ်ဝိုက်ကို သုတ်ပေးလိုက်တယ်။ ပြီးတော့ ယွမ်ဟောင်ရဲ့ ဆေးအမှုန့်တွေကို ဖြူးပေးလိုက်တယ်။ ပြီးတော့ အဲ့တာတွေက တိုက်ရိုက်ပဲ ယွမ်ဟောင် ရဲ့ ဘေးကို လွင့်ကျ သွားလေတယ်။

ဒါပေမယ့် ကျန်းဂျင်ရဲ့ စိတ်ထဲမှာ သူ့ကို ကာကွယ်ပေးဖို့ ဆုံးဖြတ်ချက် ချထားပြီး သားဖြစ်လေတယ်။ ပြီးတော့ အခြေအနေတွေ ကလည်း မှားယွင်း သွားမှာကို ကြောက်နေ မိခဲ့တယ်။

ဒါပေမယ့် ယွမ်ဟောင် ရဲ့ အခြေအနေက တစ်ညထဲနဲ့  ပြန်ကောင်း သွားလေတယ်။

ထိုနေ့ကတည်းက ယွမ်ဟောင်ရဲ့ စိတ်အခြေအနေက တက်လိုက် ကျလိုက် ဖြစ်နေခဲ့တာပဲ ဖြစ်လေတယ်။ ဒါပေမယ့် ကျန်းဂျင်က သူ့ရဲ့မြင်ကွင်းရှေ့ကနေ ပျောက်သွားလေတော့ သူက ပိုပြီးတော့ စိတ်ရူးဖောက်သွားတာပဲ ဖြစ်လေတယ်။

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now