အပိုင်း( 11)

11.3K 1.3K 65
                                    

(11) ဂူကို ရှာဖွေတွေ့ရှိခြင်း

ကံကောင်းစွာနဲ့ ယွမ်ဟောင်က အမဲလိုက်နိုင်တဲ့ အတွက်ကြောင့် သူတို့အနာဂတ်ရဲ့ စားရေး သောက်ရေးအတွက် စိုးရိမ်စရာ မလိုခဲ့ပါပေ။

သူတို့ဆီမှာ ပုံမှန် သိုလှောင် ထားတဲ့ စားစရာတွေသာ မရှိတာပဲ ဖြစ်လေတယ်။

( ဆန်တို့ ဂျုံတို့ပေါ့ကွာ)

တကယ်လို့ မင်းသာ အများကြီး စားမိသွားမယ် ဆိုရင်တော့ အသားတွေကို ငြီးငွေ့လာမှာ အမှန်ပဲ ။ ဒါပေမယ့် ကံကောင်းချင်တော့ တောင်ပေါ်မှာ အသားထက် တစ်ခြား အစားအစာတွေကို လည်း ရှာတွေ့နိုင်သေးတယ်လေ။

( အသီးအရွက် ၊ အသီအနှံတွေကွာ)

ကျန်းဂျင်ရဲ့ အားထုတ်ကြိုးပမ်းမှုကြောင့် ယွမ်ဟောင်က ပြန်ကောင်းလု နီးပါးဖြစ်နေခဲ့ပြီ။ သူက ထပ်ပြီးတော့ စိတ်ရူးမဖောက်တာ အပြင် သူ့ရဲ့ စိတ်အခြေအနေကလည်း အတော်လေးကို တည်ငြိမ်လာခဲ့တယ်။ ပြီးတော့ ဆောင်းရာသီ ကလည်း နီးကပ်လာ ခဲ့လေတယ်။

နေ့ရက်တွေက ပိုပိုပြီးတော့ အေးလာခဲ့လေတယ်။ နွေရာသီမှာ အဲယာကွန်းနဲ့ ဆောင်းရာသီမှာ အပူပေးစက်နဲ့ နေခဲ့ရတဲ့ ကျန်းဂျင်ခမျာတော့ အေးစက်နေတဲ့ ရာသီဥတုမှာ အသက်ရှင်နေထိုင် ဖို့ရာ အတော်လေးကို ခက်ခဲနေလေတယ်။

'' ဒါက အရမ်းကို အေးတာပဲ.... ''

ဆောင်းလေပြေ တိုက်သွားတဲ့ အချိန်မှာ ကျန်းဂျင်က သူ့လည်ပင်းလေးကို မပုပဲ မနေနိုင်ခဲ့ပါပေ။

'' ရှောင်ဟွေးဟွေးရေ လာတော့ကွာ။ ထမင်းစားရအောင် ''

ကျန်းဂျင်က လက်နှစ်ဖက်ကို ပါးစပ်နားကပ်ကာ ဘေးတစ်ဖက်တစ်ချက်ဆီ ထားပြီးတော့ အော်လိုက်လေတယ်။

သူ့အနေနဲ့ ရှောင်ဟွေးဟွေး ကိုပြန်ခေါ် လာတဲ့အချိန်မှာတော့ ပျိုးထောင်ရတာ ခက်ခဲ လိမ့်မယ်လို့ ထင်နေခဲ့တယ်လေ။ ဒါပေမယ့် အဲ့တာလေးက မမျှော်လင့်ပဲ ကျန်းဂျင်နဲ့ ရေစက်ပါနေလေတယ်။ ရက်တွေ ကုန်လာလေလေ သူက ကျန်းဂျင်နဲ့ ပိုနီးကပ် လာပြီးတော့ အခုဆိုရင် ကျန်းဂျင်ကို လုံးဝ မကြောက်တော့ပေ။ ပြီးတော့ အဲ့ဟာလေးက ယွမ်ဟောင်ကိုလည်း လုံးဝမှကို မကြောက်တော့ပါပေ။ ဒါကြောင့် ယွမ်ဟောင် တစ်ယောက် အရမ်းကို ဒေါသထွက်ခဲ့ ရလေတယ်။  ပြီးတော့ အတော်လေးကို မပျော်မရွှင်ဖြစ်ရလေတယ်။

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now