Part-3[Unicode]

37.6K 2.4K 167
                                    

"ညွှန်း ဒီမှာညွှန်းလိုချင်တဲ့ဝတ်စုံ"

ကိုနေက ညွှန်းကိုပြောရင်း ဝတ်စုံဗူးလေးကို ပေးရင်း သူကတော့ ညွှန်းရှေ့ကဆိုဖာမှာဝင်ထိုင်သည်။ညွှန်းက ကိုနေကမ်းပေးလာသည့် ဗူးလေးကိုဖွင့်ကြည့်ကာ တစ်ချက်ပြုံးရင်း ဗူးလေးကိုပြန်ပိတ်ထားလိုက်သည်။ပြီးတော့ အဝတ်ဗူးလေးကို အရှေ့ကစားပွဲပေါ်မှာတင်လိုက်ရင်း ....၊

"ကျေးဇူးပါနော် ကိုနေ၊ဘာလီရောက်မှယူလည်းရတာကို တကူးတကကြီး လှမ်းမှာလိုက်ရတယ်လို့"

"ရပါတယ် ညွှန်းရယ်၊ကိုယ်က ညွှန်းဘာလီကို လိုက်မယ်ဆိုတာနဲ့တင် ဝမ်းသာနေပါပြီ"

"မဟုတ်တာ ကိုနေရယ်၊မမြသားချယ်ဆိုတာ ကျွန်တော်တို့နဲ့စိမ်းတဲ့သူမှမဟုတ်တာ၊နောက်ပြီး  ကျွန်တော်လည်း ဘာလီကိုသွားဖို့ရှိနေတော့ ရေကန်အသင့် ကြာအသင့်ဖြစ်သွားတာမျိုးပါ"

"ဘယ်လိုပဲပြောပြော ညွှန်းပါ ပါတော့ ဒီခရီးက ပျော်ဖို့ကောင်းနေမှာသေချာပေါက်ပဲ"

ကိုနေပြောစကားကို ညွှန်းပြုံးရင်းသာတုန့်ပြန်မိသည်။လာမဲ့အပတ်မှာ ညွှန်းတို့က ဘာလီမှာကျင်းပမဲ့ မမြသားချယ်ရဲ့ မဂႅလာပွဲကိုတက်ရမှာဖြစ်သည်။မမြသားချယ်က ကုမ္ပဏီ ရှယ်ယာရှင်တစ်ယောက်ရဲ့သမီးဖြစ်သလို၊ညွှန်းတို့နဲ့လည်းသိကျွမ်းနေတဲ့မိတ်ဆွေဖြစ်နေသေးသည်။ဒါကြောင့်  ညွှန်းက Phan Nay Groupရဲ့ ADတစ်ယောက်အနေနဲ့ရော၊မမြသားချယ်ရဲ့ မိတ်ဆွေအနေနဲ့ပါ ဒီပွဲဟာ မဖြစ်မနေတက်ရမည့်ပွဲဖြစ်သည်။ဒါ့အပြင် ညွှန်းကိုယ်တိုင်ကလဲ ဘာလီကိုသွားဖို့ပြင်နေတာဖြစ်သည်။အနည်းဆုံး နှစ်နှစ်တစ်ခါတော့ရောက်ဖြစ်ပေမယ့် အခုနှစ်ပိုင်းတွေမှာ အလုပ်ခွင်ရဲ့မအားလပ်မှု့တွေကြောင့် ညွှန်းမသွားဖြစ်တာကြာပြီဖြစ်သည်။

"ဒါနဲ့ ကျွန်တော်တို့ဘာလီကိုသွားမယ်ဆိုရင် ဒီလထဲမှာလုပ်ရမဲ့ ပရော့ဂျက်ကနောက်ကျသွားမယ်ထင်တယ်နော်"

"ပွဲကမသွားမဖြစ်ဆိုတော့ မတက်နိုင်ဘူးလေညွှန်း‌ရဲ့၊ရက်ကလဲ အတော်ကိုက်နေတော့...."

"ဒါမှမဟုတ်လည်း ကျွန်တော့်ကိုပဲ ပရော့ဂျက်ပေးလိုက်ပါ၊မသွားခင် မှီမလားမသိပေမယ့် ကျွန်တော်လုပ်ထားလိုက်မယ်"

You are My BoneWhere stories live. Discover now