Part_40[Uni&Zaw]

41.1K 2.6K 299
                                    

Unicode

ဆရာဝန်ရောက်လာကတည်းကနေပြန်သွားတဲ့အထိ ဇမ်း ညွှန်းဘေးကနေမခွာ‌ဘဲ လက်လေးကိုင်ထားလိုက် ဆံပင်လေးသပ်ပေးလိုက်နဲ့အလုပ်များနေသည်။ဆရာဝန်က ဆေးတွေပေးပြီးဆောင်ရန်ရှောင်ရန်တွေပြောတော့လည်း ဂရုတစိုက်နားထောင်သည်။ပြီးတာနဲ့ မီးဖိုထဲမှာ ကြက်စွပ်ပြုတ်လေးတည်ပြီးတာနဲ့ အခန်းထဲအမြန်ပြန်လာကာ ညွှန်း ဘေးနားကနေမခွာတော့။

"Ring...Ring...Ring"

"ကျစ်!"

ရုတ်တရပ်ဝင်လာသည့်ဖုန်းသံကြောင့် ဇမ်းအလိုမကျစွာ စုတ်တစ်ချက်သပ်မိသည်။ဖုန်းဆက်လာတာက ဇော်ဖြိုး။

"အေး ပြော"

"ဟ အသံကလည်းပြင်းလိုက်တာ....၊အိမ်မှာ မုန်တိုင်းဝင်နေလို့လား"

"မင်းဘယ်‌တုန်းက အဲ့လောက်လျှာရှည်တတ်သွားတာလဲ လိုရင်းကိုပြော"

ဇမ်း ဟောက်လိုက်တော့ တစ်ဖက်ကဇော်ဖြိုး အနည်းငယ်လန့်သွားပုံပေါ်ကာ လည်ချောင်းတစ်ချက်ရှင်းရင်း...၊

"မင်းကလည်းစိတ်ကြီးပဲ...၊ဒီည တစ်ပွဲဟိုက်ဖို့ရှိတယ် မင်းလာမှာလား"

"ဘယ်သူတွေနဲ့လဲ"

"ဒီမိုးတိို့နဲ့ပဲ"

ဇော်ဖြိိိုးစကားဆုံးတော့ ဇမ်းအိိပ်ယာပေါ်မှာအခုထိအိပ်ပျော်နေဆဲဖြစ်တဲ့ သူ့လူကိုတစ်ချက်ကြည့်မိသည်။ပြီးတော့ ဆံပင်တွေထဲ လက်ကိုထိုးသိပ်ကာ ခါးထောက်ရင်း မှန်တံခါးတွေဘက်ကိုလျှောက်သွား၏။

"ငါဒီနေ့မအားလို့မလာတော့ဘူး နောက်တစ်ခေါက်လို့သာချိန်းလိုက်"

"နောက်ရက်ကျ ဒီမိုးက သူခရီးထွက်မှာမို့ဒီမှာမရှိလောက်ဘူး"

"ကျစ်!"

ဇမ်းစိတ်ပျက်လက်ပျက်ကို ဒုတ်ယအကြိမ်မြောက် စုတ်တစ်ချက်သပ်လိုက်မိလိုက်ခြင်း။အဖြစ်အပျက်တွေက ဖြစ်လာရင်လည်းအကုန်တေ့တေ့ဆိုင်ဆိုင် သူမှာသာခြေလှုပ်လို့မရလက်လှုပ်လို့မရတဲ့အနေအထား။

"သွားစရာရှိတော့လည်း‌သွားပေါ့...၊ငါတကယ်မလာနိုင်ဘူး ဇော်ဖြိုး"

You are My Bone [Complete]Donde viven las historias. Descúbrelo ahora