Part - 73 [Uni&Zaw]

22.7K 1.2K 64
                                        

Unicode

"အင်း...."

မျက်ဝန်းတွေပွင့်မလာဘဲ တိုးသဲ့သဲ့အသံလေးကအရင်ထွက်လာသည်။ခေါင်းထဲကနောက်ကျိကျိမို့ မျက်ဝန်းတွေ‌ဖွက့်ဖို့ကပိုလေးလံနေ၏။သို့သော် သူ့ခန္ဓာကိုယ်ကတော့နွေးနွေးထွေးထွေးနှင့် အပွေ့ပိုက်ခံထားရသလို အံ့ဝင်ဂွင်ကျရှိနေသည်။

ဇမ်း မျက်ဝန်းတွေပွင့်မလာသေးဘဲ တအင်းအင်း ညီးညူရင်းရင်ခွင်ထဲတိုးလာသည့် သူ့လူကြောင့် ခပ်ဟဟပြုံးရင်း ဆွဲဖက်ပစ်လိုက်သည်။ညကသောက်ထားသည့်အရှိန်အပြင် အိပ်ရေးလည်းပျက်တာကြောင့် သူ့လူပင်ပန်းနေမည်ထင်။တကယ်က ဒီနေ့ရွာဘက်က ပန်းနှမ်းခင်းတွေဆီသွားဖို့ပင်။ရွာဘက်ဆိုပေမယ့် အဝေးကြီးမဟုတ်ဘဲ ဒီအနီးအနားသာ။မနေ့က လာတုန်းကတွေ့ခဲ့သည့် ‌ဝါရွှေရွှေပန်းနှမ်းခင်းတို့ကို သူ့လူသဘောတကျကြည့်နေခဲ့သည်။အချိန်က ညနေစောင်းနေသည့်အပြင် ဒီရောက်ဖို့ကအစောတလျင်အရေးကြီးနေတာမို့ ဆင်းပြီးလည်းသေချာမကြည့်ခဲ့ရပေ။ထို့ကြောင့် ဒီနေ့ သူ့လူကို ပန်းနှမ်းခင်းဆီလိုက်ပို့ဖို့တွေးထားပေမယ့် သူ့လူရဲ့အခုပုံစံနဲ့ရောက်ပါ့တော့မလားပင်။သို့သော် အချိန်ကအခုမှအစောကြီးပင်ရှိပါသေးသည်။

"အင်း...."

နောက်တစ်ကြိမ် အင်းခနဲအသံပြုရာတွင်တော့ ရင်ခွင်ထဲကသူ့လူရဲ့ပိတ်ယှက်နေသော မျက်တောင်လေးတွေကခပ်လှုပ်လှုပ်။ထို့နောက်  ဝိုင်းတောက်ကာအရည်လဲ့နေသည့် မျက်ဝန်းလေးက ခပ်ဖြေးဖြးပွင့်လာ၏။

"ဇမ်း...."

မျက်ဝန်းတွေပွင့်လာသည်နှင့် နူတ်ဖျားမှဦးစွာပွင့်အံထွက်လာသည့် နာမကသူ့၏အမည်။ဇမ်း ခပ်ဖွဖွပြုံးကာ သူ့လူရဲ့ပါးပြင်လေးကို လက်တို့နဲ့အသာပွတ်သပ်လိုက်ရင်း....၊

"အင်း...၊နိုးလာပြီလား"

"အင်း....."

"ဒီနေ့ ပန်းနှမ်းခင်းတွေဆီလိုက်ပို့ဖို့တွေးထာတာ ခင်ဗျားအဆင်ပြေပါ့မလာပဲ"

"ပန်းနှမ်းခင်းလား"

"အင်း....၊မနေ့က ခင်ဗျားငေးနေတဲ့ အဝါရောင်ပန်းနှမ်းခင်းတွေလေ"

You are My Bone [Complete]Where stories live. Discover now