Part-39[Uni&Zaw]

41.7K 2.6K 252
                                        

Unicode

"ဟုတ်ကဲ့"

".........."

"ကျွန်တော် သိပါတယ်"

"........."

"ခင်ဗျာ...၊တကယ်လား ဦးစီးချုပ်"

"........."

"အခုလိုကူညီပေးတာကျေးဇူးတင်ပါတယ် ဦးစီးချုပ်...၊ဦးစီးမးချုပ်အတွက် ဘာအနှောက်အယှက်မှလည်း မဖြစ်စေရအောင် ကျွန်တော် ဂရုတစိုက်ကိုင်တွယ်ပါ့မယ်"

"........."

"ဟုတ်ကဲ့...၊တစ်ဖက်ကပစ္စည်းအခြေအနေတွေနဲ့ပတ်သတ်တဲ့သတင်းတွေရတာနဲ့ ဦးစီးချုပ်ကိုဆက်သွယ်ပါ့မယ်"

".........."

"ဟုတ်ကဲ့ပါ၊ကျေးဇူးအများကြီးတင်ပါတယ် ဦးစီးချုပ်"

ဖုန်းပြောခြင်းလက်စသတ်ပြီး‌တဲ့အထိ ဦးညွှန်းသက္ကရဲ့နူတ်ခမ်းမှာကျေနပ်အပြုံးတို့ကထင်ဟပ်နေဆဲ။ပြီးတော့မှဖုန်းကိုစားပွဲပေါ်ပြန်တင်ကာ စာရွက်စာတန်းတစ်ချို့ကို ပြန်ကြည့်မိသည်။အခြေအနေတွေက သူ့ဘက်ကိုပြန်ပါလာပြီပဲ။

"အကို နွားနို့လေးသောက်ပါအုန်း"

"ထားခဲ့လိုက်ပန်းဖွဲ့ ကိုယ်ပြီးမှသောက်မယ်"

ဦးညွှန်းသက္ကပြောတော့ ဒေါ်ပန်းဖွဲ့က စားပွဲနဲ့သူ့ကိုတစ်ချက်ဝေ့ကြည့်ကာ သက်ပြင်းဖွဖွချရင်း နွားနို့ပန်းကန်လေးကို စားပွဲပေါ်တင်ပေးသည်။

"စစ်ဦးစီးချုပ်ကဘာတဲ့လဲ အကို"

"ကိုယ်တောင်းဆိုထားတာကိုလက်ခံပေးတယ်...၊အခုအဆင်ပြေသွားပြီ"

"အဆင်ပြေပြီဆိုတာသေချာရဲ့လားအကို"

ဇနီးဖြစ်သူကမျက်နှာနွမ်းနွမ်းလေးနဲ့မေးလာတော့ သူခပ်ဖွဖွပြုံးမိသွားသည်။ဒီကိစ္စတွေကြောင့် ဒီနှစ်တွေမှာ ပန်းဖွဲ့ဘယ်လောက်တောင်စိတ်ပင်ပန်းခဲ့ရလဲဆိုတာသူသိပါသည်။ဒါကြောင့်လည်း ဒီကိစ္စတွေအားသူအမြန်လက်စသတ်ချင်မိသည်။

"စိတ်မပူပါနဲ့ ပန်းဖွဲ့ရယ်...၊ကိုယ်လုပ်နိုင်ပါတယ် ကိုယ့်ကိုယုံပါ...၊ပြီးတော့ စိတ်လည်းချပါ ဒီတစ်ကြိမ်နောက်ဆုံးပဲ ကိုယ်အာမခံတယ်"

You are My Bone [Complete]Where stories live. Discover now