Part - 86 [Uni&Zaw]

21.8K 1.1K 178
                                        

Unicode

လက်မောင်းကဒဏ်ရာကို အပြီးသတ်ပတ်တီးစည်းပေးနေသည့် ညွှန်းမျက်နှာလေးကကန်ရေပြင်လိုပကတိငြိမ်သက်နေသည်။အခုအထိ စကားတစ်ခွန်းမှ မေးမလာ၊ပြောမလာသေးသည့် သူ့လူကြောင့် ဇမ်းမှာနေလို့ထိုင်လို့မထိဖြစ်လာကာ.....၊

"ညွှန်း...."

ဇမ်းခေါ်လိုက်တော့ ညွှန်းမျက်လုံးလေးလှန်ကာ တည်တည်တင်းတင်းလေးကြည့်လာတာမို့ဇမ်းပါးစပ်လေးပြန်ပိတ်သွားလေသည်။ညွှန်းက သူ့လက်မောင်းပတ်တီးဆီအကြည့်ပြန်ပို့သွားတော့ ဇမ်းက ကောင်းနေတဲ့လက်တစ်ဖက်နဲ့ လည်ပင်းပွတ်လိုက်၊ဆံပင်တွေထဲထိုးဖွလိုက်နဲ့ လုပ်နေမိသည်။အရင်ကဆို သူ့လူက စိတ်ဆိုးတာ၊မကြိုက်တာဆို ပွစိစိနဲ့အသံလေးညံနေအောင်အဖိုးအိုပေါက်စလေးလုပ်တတ်ပေမယ့် အခုက ဘာမှလည်းမမေး၊ဘာမှလည်းမပြောတော့ ဇမ်းမနေတတ်တော့။ဒီအစား တစ်ခုခု စိတ်ဆိုးပြီးအော်ငေါက်လိုက်ရင်မှပိုနေသာအုန်းမည်။

ညွှန်းက ပတ်တီးစီးခြင်းကို အပြီးသတ်လက်စသိမ်းပြီးနောက်မှာတော့ ဆေးတွေကို သေတ္တာလေးထဲ ပြန်ထည့်သိမ်းကာ ထသွားလေသည်။ထိုအခါ မနေနိုင်တဲ့ ဇမ်းကပဲ ထွက်သွားသည့် ညွှန်းကိုအနောက်ကနေ ခါလေးကိုဆွဲဖက်ထားလေသည်။ပြီးနောက် သူ့လက်တွေကိုဖြေချနေသည့်ညွှန်းလက်တွေကိုပါအုပ်ကိုင်လိုက်ရင်း ညွှန်းပခုံးလေးပေါ် မေးလေးတင်ကာ လည်ပင်းကြားမှာခေါင်းလေးတိုးဝှေ့‌ပစ်သည်။

"ကျုပ်ကို စိတ်ဆိုးနေတာလား"

"........"

"ဟင်....."

မေးတာမဖြေဘဲ တိတ်နေသည့်သူ့လူကြောင့် ဇမ်းက ပါးလေးကိုရွတ်ခနဲအသံထွက်အောင်နမ်းသည်။

"ဘယ်လိုဖြစ်နေတာလဲ"

"ဘာဖြစ်လို့လဲ ကိုယ့်ယောကျ်ားကိုနမ်းတာ"

"ဇမ်း...."

"အင်း....၊ဇမ်း ခင်ဗျားယောကျ်ား ဒီမှာ"

တည်တည်တံ့တံ့မရှိဘဲ လူကိုလာကလူနေတာကြောင့် ညွှန်းတကယ်ပင်စိတ်ဆိုးလာရကာ ပခုံးကိုအားထည့်ပြီး သူ့အားတိုက်ပစ်လိုက်သည်။

"အ့!"

"ဟင်!ဇမ်း!"

နာနာကျင်ကျင်အသံနဲ့အတူ ခါးထက်ကလက်တွေပြေလျော့သွားတော့လည်း ညွှန်းမှာစိုးရိမ်တကြီးအနောက်လှည့်ကြည့်မိပြန်သည်။မျက်ခုံးတန်းတို့ကိုကုတ်ချီကာ မျက်ဝန်းတွေမှိတ်ရင်း နာကျင်နေသည့်ဟန်ကြောင့် ညွှန်းစိုးရိမ်သွားပြီး....၊

You are My Bone [Complete]Where stories live. Discover now