ကျေးဇူးတင်ခြင်း/ကျေးဇူးတင်ခြင်း

6.1K 235 13
                                        

နန်းဖန်ပါပဲရှင်။
ဒီနေ့အတွက်တော့YAMBကိုဖန်တီးခဲ့တဲ့တစ်လျှောက်လုံးကျေးဇူးတင်ထိုက်တဲ့သူတွေအားလုံးကိုကျေးဇူးတင်ချင်မိလို့ပါ။

ပထမဆုံးအနေနဲ့ နန်းဖန်ရဲ့အတိတ်ကမိသားစုဝင်တွေလိုချစ်ရတဲ့သူတွေပါ။ဘယ်လိုကိစ္စတွေပဲဖြစ်ခဲ့ပါစေ ကျေးဇူးတင်ထိုက်သူတွေထဲမှာပါဝင်တဲ့သူတွေပါပဲ။YAMB စရေးဖို့ပြင်ကတည်းက ဘေးကနေအားပေးသလို သိချင်တာတွေဖြေပေးပြီး အချိန်တစ်ခုအထိ ကိုယ့်ရဲ့ကြိုးစားမှု့အတွက်ရလာတဲ့ရလာဒ်တွေကို လက်ခုတ်တီးပေးပြီးအတူပျော်ပေးခဲ့ရတဲ့ အတိတ်ကမိသားစု‌ဝင်တွေကိုကျေးဇူးတင်မိပါတယ်။

နောက်တစ်ယောက်ကတော့ ဒီလောကကြီးကနေအပြီးတိုင်နူတ်ဆက်သွားပြီဖြစ်တဲ့တစ်စုံတစ်ယောက်ကိုကျေးဇူးတင်ပါတယ်။နားမလည်မတတ်ကျွမ်းတဲ့အပိုင်းတွေကိုပြောပြပေးပြီး ဘယ်အချိန်ဂျီတိုက်တိုက်မညီးညူလုပ်ပေးခဲ့တဲ့တစ်စုံတစ်ယောက်ရေ အခု ဒီလူအရမ်းကိုမြတ်နိုးပြီးအဆုံးသတ်ချင်ခဲ့တဲ့ ဇမ်းတို့ကိုအဆုံးသတ်နိုင်ခဲ့ပါပြီ။တစ်ချိန်ချိန်တော့ သားတွေနဲ့အတူ ခင်ဗျားဆီကိုအလည်လာခဲ့ပါ့မယ်။

နောက်ထပ် ကျေးဇူးတင်ချင်တာက နန်းဖန်ကိုအမြဲသင်ပြပေးတဲ့ ကျဲကျဲကိုပါပဲ။Ficတစ်ဝက်ကျော်ကျော်လောက်မှာ ကျဲရဲ့သင်ပြပေးမှု့တွေကြောင့် အများကြီးပြင်ဆင်ရေးပြီး ဇာတ်ကောင်စရိုက်တွေမချော်အောင် ဘယ်လိုရေးရမလဲဆိုတာသတိနဲ့ရေးနိုင်ခဲ့တာကြောင့် ထင်တာထက်ကိုပိုပြီးဇမ်းတို့ကို အားရတဲ့အဆုံးဖြစ်အောင်ဖန်တီးနိုင်ခဲ့တာပါ။စာရေးတိုင်း အမြဲကျေးဇူးတင်စိတ်ဖြစ်မိတဲ့ကျဲကို ဒီကနေပဲကျေးဇူးတင်ကြောင်းပြောပါရစေ။

နောက်ထပ်ကတော့ အခုထိဘေးမှာရှိပေးနေတဲ့ မမကြိုးနဲ့အလွန်းပါ။စိတ်ဓာတ်ကျနေရင်ဖြစ်ဖြစ်၊စာအတွက်လိုအပ်တာတွေဖြစ်ဖြစ်ဘယ်အချိန်မေးမေး အမြဲဖြေပေးပြီး အခုအချိန်အထိအနားရှိနေပေးတာကျေးဇူးတင်ပါတယ်။

နောက်ဆုံးမဟုတ်တဲ့ နန်းဖန်အတွက်ထာဝရကျေးဇူးတင်ထိုက်သူတွေကတော့ နန်းဖန်ရဲ့အိမ်သားတွေပါပဲ။Updateကြာလို့ ဆူကြ၊ဇာတ်ကြောင်းနားမလည်လို့ဆူကြလည်း အစကနေအဆုံးထိ ၂နှစ်ကျော်ကြာအောင် အတူလိုက်ပါခဲ့ကြသူတွေရော အမြဲတမ်း မန့်ပေးကြ၊ကြယ်တွေပေးကြ၊reviewပေးကြတဲ့သူတွေရော နန်းဖန်ကျေးဇူးတင်မိပါတယ်။ဘဝမှာ 1M ဆိုတာကို အိမ်မက်တောင်မမက်ရဲခဲ့ဘူးပေမယ့် တကယ်ဖြစ်လာခဲ့တဲ့အခိုက်အတန့်ဟာ နန်းဖန်ရဲ့အိမ်သားလေးတွေပေးတဲ့ချစ်ခြင်မေတ္တာပါပဲ။နန်းဖန်အတွက်တော့ အိမ်သားလေးတွေရှိနေတဲ့ ဒီကမ္ဘာက ဒုတိယအိမ်၊ဒုတိယဘဝတစ်ခုပါပဲ။စာရေးတဲ့အရာနဲ့ပတ်သတ်ပြီး ဖြစ်ချင်တဲ့အရာတွေကို ဒီ၂နှစ်ကျော်အတွင်းမှာ အိမ်သားလေးတို့က ချစ်ခြင်းမေတ္တာတွေနဲ့ပံ့ပိုးပေးခဲ့ကြတာမို့ အများကြီးကျေးဇူးတင်သလိုပျော်ရပါတယ်။ကြားမှာပြဿနာတွေဖြစ်ခဲ့ပြီး အတူမရှိကြတော့တဲ့ သူတွေကလည်း အချိန်တစ်ခုအထိအတူရှိခဲ့ကြတာမို့ကျေးဇူးတင်ထိုက်သူတွေပါပဲ။အတူဆက်ရှိနေတဲ့သူတွေကတော့ ပြောမပြတတ်အောင် ကျေးဇူးတင်ထိုက်သူတွေပေါ့။နောက်ပြီး ဘေးမှာနီးနီးကပ်ကပ်ရှိခဲ့ကြတဲ့ ကလေးတွေနဲ့ချွေးမလေးတွေကိုလည်း ကျေးဇူးတင်ပါတယ်။

YAMB နဲ့ပတ်သတ်ပြီး Fic နှစ်ခုထပ်လာဖို့ရှိပါတယ်။တစ်ခုက အားလုံးမျှော်နေတဲ့ ဦးစက်နဲ့တုတုတို့ပါ။နောက်တစ်ခုကတော့ ဇမ်းနဲ့ညွှန်းတို့ရဲ့ ဘုစုခရုများနဲ့အိမ်ကလေးအကြောင်းပါ။YAMB ကို PDF ပြောထားတဲ့ကလေးတွေအတွက်လည်း ဖိုင်ထုတ်ပြီးရင် ဒီမှာပြန်ပြောပေးမယ်နော်။ဇမ်းနဲ့ညွှန်းအတွက်က အစီအစဥ်တစ်ခုခုနဲ့လာဖြစ်မှာမို့ Updateပေးတဲ့အခါမှထပ်ပြောပါမယ်နော်။YAMB မှာ ဇမ်းဆိုသွားတဲ့ "You are My Bone" ဆိုတဲ့သီချင်းက နန်းဖန်ရေးထားတာလေးပါ။အခွင့်သင့်ရင်ဆိုပြမယ်နော်။Ficလေးကိုဖတ်ပြီး တစ်ခုခုရင်ထဲမှာကျန်ခဲ့မယ်လို့မျှော်လင့်ပါတယ်။Reviewတွေရေးပေးကြရင် နန်းဖန်ကအများကြီးပိုပျော်တာပေါ့နော်။

You are My Bone [Complete]Where stories live. Discover now