Part - 89 [Uni&Zaw]

19.4K 1K 128
                                        

Unicode

"Boss စောင့်နေပါတယ် လူကြီးမင်း"

ခန်းမကြီးတစ်ခုလိုခန်းနားနေသည့် အိမ်ရဲ့အဝင်ဝကိုဝင်လာတာနဲ့ အသင့်စောင့်နေသည့် ကောင်လေးက ဇမ်းကိုတရိုတသေဦးညွှတ်ကာနူတ်ဆက်၏။ဇမ်း အသိအမှတ်ပြုသလို ခေါင်းတစ်ချက်ညိတ်ပြကာ လမ်းပြမှု့အတိုင်းသာလိုက်သွားလိုက်သည်။ကြက်သွေးရောင်ကတ္တီပါကော်ဇောခင်းထားသည့် လျှောက်လမ်းပေါ်မှာ ဇမ်းရဲ့နက်ပြောင်နေသည့် ရှူးဖိနပ်က နတ်ဘုရားတစ်ပါး၏ခြေလှမ်းတွေလို အရှိန်အဝါကောင်းကာအင်အားပြည့်ဝနေ၏။

"မင်းသွားလို့ရပြီ...၊တို့ဆက်ပြီးခေါ်သွားလိုက်မယ်"

နောက်ထပ်ခန်းမဆောင်တစ်ခုဆီမကူးခင် ရောက်လာသည့် မိုးထက်နရီက ဇမ်းကိုလိုက်ပို့သည့် ကောင်လေးကို ပြန်လွှတ်လိုက်ကာ သူမက ဇမ်းဘေးကိုရောက်လာ၏။

"ထပ်တွေ့ကြရပြန်ပါပြီ Mr.Zann"

"ဟွန်း....ဟုတ်ပါရဲ့....၊အရင်က ကိုယ်တို့အိမ်ကို ထမင်းစားအလည်လာသွားတဲ့ မမိုးထက်နရီက တကယ့်ကိုနာမည်ကြီးအင်အားကြီးရွှေလိပ်ပြာအဖွဲ့အစည်းရဲ့လူယုံဖြစ်နေတယ်ဆိုတာ မထင်ထားစရာပါပဲ"

"အဟင်း....၊ဒါပေါ့ရှင့်...၊ကျွန်မလည်း Condo သေးသေးလေးမှာပဲနေပြီး ဘဝကို‌ခပ်ပေါ့ပေါ့ဖြတ်သန်းနေတယ်လို့ထင်ရတဲ့ Mr.Zann က နိုင်ငံတော်တော်များများအပေါ်လွှမ်းမိုးနိုင်တဲ့ လက်နက်မှောင်ခိုဂိုဏ်းခေါင်းဆောင်ရဲ့သားဖြစ်နေမှန်းသိတော့ အတော်လေး အံ့သြရပါတယ်"

ခန်းမရဲ့လျှောက်လမ်းပေါ်မှာ အတူယှဥ်တွဲလျှောက်လာရင်း တစ်ယောက်နဲ့တစ်ယောက် စကားစစ်ထိုးနေကြသည်။မိုးထက်နရီ သူတို့ဘေးမှာရုတ်တရပ်ပေါ်လာခဲ့တုန်းက ဇမ်းအနေနဲ့သာမန် ဆန်ဆန် ရှင်းခေတ်စေစား၏ အမတစ်ယောက်လို့သာတွေးခဲ့ခြင်းပေ။အခုအချိန်မှာ တစ်ချို့အကြောင်းအရာတွေကြောင့် ကိစ္စတစ်ချို့ကို စပ်ဆက်တွေးမိလာသည့်အခါ ရှင်းခေတ်စေစားကရော သာမန်ဟုတ်ရဲ့လားလို့တွေးမိလာသည်။

"ဒါနဲ့ မိုးထက်နရီရဲ့မောင်လေးကရော"

"သူကမိုးတို့နဲ့အဆက်အသွယ်မရှိတော့ သူ့အကြောင်းကို မိုးမပြောတတ်ဘူး...၊ဘာလဲ Mr.Zann ကစိတ်ဝင်စားလို့လား.....၊ပြောတော့မှပဲ အမျိုးသားပါမလာဘူးနော်"

You are My Bone [Complete]Where stories live. Discover now