Part - 102 [Uni&Zaw]

21.6K 1K 179
                                        

Unicode

"မင်းကို ဒီနေရာမှာတင် အသေသတ်မပစ်လောက်ဘူးများထင်နေလား....ဟမ်!"

"ဟွန်း!"

ခပ်ကြိတ်ကြိတ်အသံနဲ့အတူ ဇမ်းရင်ဘတ်ကိုဖောက်ဝင်လာသည့် ဓားချက်ကထက်ရှနေ၏။ဇမ်း ဟွန်းခနဲတစ်ချက်ရယ်ကာ ရှင်းခေတ်စေစားမျက်ဝန်းတွေကိုစိုက်ကြည့်လိုက်မိတော့ ရင်းနှီးနေသည့်ခံစားချက်တွေကအပြည့်အဝပြန်လည်နေရာယူလာကြပြန်သည်။တစ်ချိန်ထဲမှာပဲ ထိုမျက်ဝန်းတွေသည် ဇမ်းကို အတိတ်ရဲ့‌စာမျက်နှာကမ္ဘာတစ်ခုထဲသို့ ဆွဲချသွားလေတော့၏။

"သခင်လေးကို သခင်ကြီးခေါ်နေပါတယ်"

စံအိမ်အရှေ့ဘက်ဥယျာဥ်ထဲမှာ ကလေးနဲ့အတူခဏထိုင်နေတုန်း ဖေဖေရဲ့အခေါ်,ဆိုတာကြောင့် ရှင်းခတ်စေစားပျော်ရွင်သွားရ၏။သူနဲ့ကလေးလက်ထပ်ခဲ့တာ ၅လနီးပါးရှိသွားပြီဖြစ်သည်။စံအိမ်ကိုရောက်လာတာအပါအဝင်ပေါ့။လာခေါ်တဲ့သူကတော့ ဖေဖေ့ရဲ့အနီးကပ်လက်ထောက် မိုးထက်နရီ။

မိုးထက်နရီက ဒီကို အသက်၁၃နှစ်မှာ စံအိမ်ကိုရောက်လာတာဖြစ်သည်။ထိုအချိန်က မိုးထက်နရီ၏နာမည်မှာ တမာချိုသာဖြစ်လေသည်။တမာချိုက အသက်၁၃နှစ်သာဆိုသော်လည်း ထွာတဲ့မိန်းကလေးထဲပါတာကြောင့် သူ့အချိုးအစားနဲ့သူလှပကျော့ရှင်းနေသည်။ထို့ကြောင့် စိတ်မကောင်းစရာပင် တမာချိုသည်အသက်မပြည့်ခင်ပဲ ဖေဖေ့ရဲ့ပန်းဦးခြွေခြင်းကိုခံခဲ့ရလေသည်။ထို့နောက် ဝယ်လက်တွေထဲကိုပါဝင်သွားရမည့် တမာချိုတစ်ဖြစ်လဲ မိုးထက်နရီသည် ဘဝအလှည့်အပြောင်းအနေနဲ့ ဖေဖေ့ရဲ့လက်ထောက်ဖြစ်ခဲ့ကာ အသုံးတော်ခံတစ်ယောက်ပါဖြစ်ခဲ့ရလေတော့၏။

တွေးကြည့်ရင်မိုးထက်နရီဘဝကသနားစရာဆိုပေမယ့် တကယ်တမ်းက ရှင်းခေတ်စေစားလည်းဘာမှလုပ်ပေးနိုင်ခဲ့တာမဟုတ်။သို့သော် ရင်းနှီးကြသည့်ဆက်ဆံရေးတွေကြောင့် မိုးထက်နရီရင်ထဲက ဖေဖေ့အပေါ်ထားရှိသည့် အမုန်းတရားထုထည်ကို သူမြင်ခဲ့ရပါသည်။

"ကျွန်တော်လာခဲ့မယ်လို့ ဖေဖေ့ကိုပြောပေးပါနော် မိုး"

"ဟုတ်ကဲ့ပါ"

You are My Bone [Complete]Where stories live. Discover now