Part - 88 [Uni&Zaw]

18.7K 1.1K 151
                                        

Unicode

"ငါတို့ကွာရှင်းရအောင် ဇမ်း"

ညွှန်းစကားအဆုံးမှာ ဇမ်းအပြီးသတ်ကြယ်သီးတပ်နေတဲ့လက်တွေ ခတ္တတုန့်သွား၏။သို့သော် ခဏပဲဖြစ်ကာ ကြယ်သီးကိုပြီးဆုံးအောင်တပ်ရင်း ခပ်ဖြေးဖြေးထရပ်လိုက်၏။

"ခဏနေ အိမ်တော်ကလူတွေလာကြိုတော့မှာ သွားရအောင်"

ဇမ်းကပြောပြီးတာနဲ့ ညွှန်းနဲ့အတူမတ်တပ်ရပ်ကာ ခြေလှမ်းစပြင်သည်။ညွှန်းမှာ ပူပန်သောကများနေသလောက် သူကတော့အခုထိအေးအေးလူလူနဲ့ ညစာ စားပွဲအတွက်သာအာရုံများနေ၏။

"ဇမ်း!"

ညွှန်း ခေါ်လည်းခေါ်  လူကလည်းဇမ်းအရှေ့ကိုရောက်နေပြီဖြစ်သည်။ညွှန်း သူရှေ့ရောက်သွားတော့ ဇမ်းကပုံမှန်မျက်နှာထားနဲ့ညွှန်းမျက်ဝန်းတွေကိုစိုက်ကြည့်သည်။

"ငါတို့ ကွာ ရှင်း မယ်လို့ ငါပြောနေတယ်"

"အကြောင်းပြချက်"

ဇမ်းပြောတဲ့အကြောင်းပြချက်ဆိုသည့် စကားမှာညွှန်းလက်သီးလေးဆုပ်လိုက်မိသည်။တည်တည်ငြိမ်ငြိမ်ပဲပြောလာတဲ့ဇမ်းအသံဟာ သာမန်အချိန်တွေအတိုင်းပင်။

"ကျုပ်က ဒုစရိုက်ကောင်ဖြစ်နေလို့ ရွံတာလား...."

မဟုတ်ဘူး။
ညွှန်း စိတ်ထဲမှာအသည်းအသန်အော်ဟစ်ကာ ငြင်းမိသည်။သူရွံတာမဟုတ်ပါ။သို့ပေမယ့် သူဒီအခြေအနေကိုလည်းလက်ခံမပေးနိုင်သေးပါ။ဒါ့အပြင် ဖေဖေ။ညွှန်းသာ သူအမုန်းဆုံးဒုစရိုက်သမားတစ်ယောက်ရဲ့လက်ထဲမှာရှင်သန်နေခြင်းကို သည်းခံမှာမဟုတ်သလို၊ဒီတိုင်းထားမှာမဟုတ်ပေ။ဖေဖေကို တွေးလိုက်မိတော့ အားနာစိတ်နဲ့စိုးရိမ်စိတ်သည်အချိုးတူပေါင်းစပ်သည်။ပတ်သတ်ဆက်နွယ်သည့်နှစ်ဖက်စလုံးဟာ ညွှန်းကြောင့်ထိပ်တိုက်တွေ့ရင် ဘယ်လိုဆိုးဝါးသည့်အခြေအနေတွေဖြစ်လာမည်ဆိုတာ ဘယ်သူမှမသိနိုင်ပါ။မတရားမှု့သည် ဘယ်အချိန်အထိ အင်အားကောင်းကာ အနိုင်ရနိုင်မှာလဲ။

"မင်းငါ့ကို မချစ်ဘဲနဲ့တာဝန်ယူခဲ့တာမလား အခုအချိန်တွေလည်း ကြာနေပြီဆိုတော့ မင်းဆက်ပြီးတာဝန်ယူစရာမလိုတော့ဘူး ငါ့ကိုကွာပေး"

You are My Bone [Complete]Where stories live. Discover now