Part_31[Uni&Zaw]

41.6K 2.6K 380
                                        

Unicode

"ဒီလောကမှာငါသောက်တဲ့စီးကရက်ကနှစ်မျိုးပဲရှိတယ်....၊တစ်ခုက ငါ့ကိုယ်ပိုင်စီးကရက်၊နောက်တစ်မျိုးက Treasure luxury Black"

ဇမ်းစကားကြောင့် ဒီ‌မိုးရောဒေးဗစ်ပါ မျက်နှာတွေကွက်ခနဲပျက်ကျသွားကာ ရှုးရှူးရှားရှားတွေဖြစ်သွားရ၏။အရိပ်အကဲသိတဲ့ ဇော်ဖြိုးက အခြေအနေကို တစ်ဖက်လှည့်ဖို့အတွက် ပြိုင်ပွဲစဖို့ပြင်လိုက်ရ၏။

ဒီတစ်ခေါက်က Group လိုက် ဟိုက်မှာဖြစ်တဲ့အတွက် စည်းမျဥ်းတွေပါအနည်းငယ်သတ်မှတ်ထားသည်။Group လိုက်ဟိုက်တာက By 1နဲ့မတူဘဲ အထိန်းအကွတ်ပိုရှိသည်။ပြိုင်ဘက်အချင်းချင်းလည်း ကိုယ့်လမ်းကြောင်းကိုယ်ရှင်းအောင်လုပ်ထားရသလို ညာဏ်လွှာသုံးတတ်ဖို့လည်းလိုသေးသည်။

မကြာခင် ပြိုင်ပွဲကစတော့မှာမို့ ဇမ်းက သောက်လက်စ စီးကရက်ကို ပြည့်ပြည့်ဝဝ တစ်ရှိုက် ဖွာလိုက်ကာဆေးလိပ်​ငွေ့တို့ကိုရှုသွင်းမိ​လေသည်။ အထူးရှာ​ဖွေပြီးထည့်ထားရတဲ့​ဆေးရွက်ကြီးအရသာက လျှာဖျားထက် ရစ်ဝဲကာ အဆုတ်ထိ​ရောက်သွား​ပေမယ့် ဇမ်းအတွက်တော့ အရင်ကလောက် အာသာ​ပြေမှုနဲ့ စိတ်​ကျေနပ်မှုတို့ကိုမခံစားရပေ။

ကြည့်ရတာ တစ်စုံတစ်​ယောက်ရဲ့ စွာ​တေးလန်နှုတ်ခမ်း​လေး​တွေ​က ​ဆေးရွက်ကြီးထက်​တောင် စွဲလန်းယစ်မူး​စေနိုင်တယ်ထင်ပါရဲ့။ပြီးတော့ ဇမ်းသောက်လက်စ‌ စီးကရက်ကို ပတ်ပတ်လည်လှည့်ပတ်ကြည့်လိုက်မိ၏။ဆေးလိပ်အစီခံကိုပတ်ပြီးစာထွင်းထားသည့်ငွေရောင်အက္ခရာအချို့။ကြည့်ရတာ ဒီအက္ခရာအစား နံမည်တစ်ခုကိုပြောင်းခိုင်းမှဖြစ်တော့မည်ထင်။ဇမ်းတွေးနေရင်း သူ့လူရဲ့မက်မွန်းရောင်နူတ်ခမ်းစိုစိုလေးတွေကို မြင်ယောင်မိတော့ ဟက်ခနဲတစ်ချက်ပြုံးကာ စီးကရက်ကိုပစ်ချပြီး ဖိနပ်ဦးနဲ့ နင်း​ချေကာ မီးသတ်ပစ်လိုက်၏။

"ပြုံးလှချေလားဇမ်းရေ...ကိစ္စကောင်းရှိနေလို့လား"

"ဟွန်း!ဒီနေ့ပွဲမှာ ငါနိုင်မယ်ဆိုတာ ကြိုသိနေလို့နေမှာပေါ့"

"ဟား...ဟား...ယုံပါတယ်ကွာ"

ပွဲစဖို့အနည်းငယ်အချိန်လိုနေသေးတာမို့ ‌ကိုကောင်းမြတ်ကခဏစကားလာပြောနေခြင်း။ဇမ်းပြောတော့ ကိုကောင်းမြတ်က သဘောတကျရယ်ကာ ဇမ်းပခုံးကိုလက်နဲ့ပုတ်သည်။

You are My Bone [Complete]Where stories live. Discover now