Unicode
"ဦးစက် ဒီနေ့တုတုမိဘတွေ နဲ့အတူထမင်းစားမှာကို ပြုံးထားပါ"
စထွက်လာကတည်းက တည်တင်းနေသောမျက်နှာအမူအယာဟာ အိမ်နားရောက်ခါနီးသည်အထိ တစ်စက်မှမလျော့ခဲ့ပေ။တုတုစကားကြောင့် Steering ကိုထိန်းထားသည့် ဦးစက်လက်တွေတင်းခနဲဖြစ်သွားတာကိုသိလိုက်သည်။သို့သော် တုတုဂရုမစိုက်။
အစကတည်းက မကြည်ဖြူနိုင်ဘူးလို့ကြွေးကြော်ထားသည့် ဦးစက်ရဲ့ဘဝထဲကို ရရာနည်းလမ်းနဲ့တိုးဝင်ပြီးကတည်းက ကြည်ဖြူခြင်းတွေ၊ပျော်ရွင်ခြင်းတွေဆိုတာလည်း ထိုနေရာမှာသာ ခွာချထားနှင့်ပြီးသားဖြစ်သည်။အချစ်တစ်ခုဖြစ်လာဖို့လုပ်ယူလို့မရရင်လည်း ရတဲ့နည်းနဲ့တွယ်ကပ်နေမှာပင်။အဓိက ကဦးစက်သာ တုတုအနားရှိဖို့ပင်။ဒါကမိုက်ရူးရဲဆန်စွာ အတ္တကြီးခြင်းလို့ လက်ညှိုးထိုးလာရင်တောင် တုတုက ခေါင်းမော့ရင်ကော့ပြီးအပြုံးပျက်မည်မဟုတ်ပါ။
"ဦးစက်"
"နှိုင်းရတုဆစ်"
အခုနောက်ပိုင်း ဦးစက်ဘက်ကနေ တုတုအားဤကဲ့သို့သာခေါ်တတ်သည်။အရင်ကလို ချာတိတ်လို့နူးနူးညံ့ညံ့ခေါ်ကာခေါင်းလေးပုတ်ပေးတတ်သည်များသည် အတိတ်မှာကျန်ခဲ့ပြီဖြစ်လေရာ....၊
"ဖေဖေနဲ့မေမေရှေ့မှာ နာမည်အပြည့်အစုံခေါ်ရင် အရမ်းစိမ်းသက်ရာကျနေလိမ့်မယ် ဦးစက်"
"တောက်!"
တက်တစ်ချက်ခါက်ကာ လက်ဖဝါးတွေကိုဆုပ်ချီဖြန့်ချီနဲ့ Steeringကို ခပ်တင်းတင်းဖိဆုပ်လိုက်ပုံက ဒေါသအတိုင်းအတာကိုတွက်ဆနိုင်သည်။
"အမှားတစ်ခုအတွက်အထိုက်အလျောက်ဆက်ဆံပေးနေတာ နှိုင်းရတုဆစ်....၊ကိုယ်မင်းရဲ့ ရုပ်သေးရုပ်မဟုတ်ဘူး...၊ကိုယ့်ကိုလိုရာကြိုးဆွဲပြီးခြယ်လှယ်ဖို့မကြိုးစားနဲ့"
ပြဿနာဖြစ်ကာစတစ်ပတ်ကျော်လောက်အထိ ဦးစက်က မင်းနဲ့ငါပဲပြောတတ်ပေမယ့် အခုနောက်ပိုင်းအရင်လို ကိုယ်လို့ပြန်ပြောင်းသုံးလာသည်။ဒါကလည်း တုတုကိုအလျော့ပေးချိုသာပေးတာမျိုးမဟုတ်ဘဲ မပြေလည်သည့်ဆက်ဆံရေးအား အပေါ်ယံတစ်လွှာဖုံးလိုက်ခြင်းသာ။
YOU ARE READING
You are My Bone [Complete]