Part - 107 [Unicode]

15.3K 653 165
                                        

Unicode

အခြေအနေတစ်ခုအရ နေရာအပြောင်းအလဲပါဖြစ်သွားကာ နေရာအပြောင်းအရွေ့တစ်ခုလည်းဖြစ်ခဲ့သည်။ထိုနေရာကလည်း ရှင်းခေတ်စေစားရဲ့ အမိန့်အတိုင်း သူ့၏ချစ်သောရှိနေသည့် လျှို့ဝှက်အခန်းပင်ဖြစ်သည်။ဘာကြောင့် ညွှန်းအားဤနေရာတွင် စီရင်စေချင်တာလည်း ဆိုတာကို ရှင်းခေတ်စေစားမှလွဲ၍ မည်သူမှသိမည်မဟုတ်။

"ထပ်တွေ့ကြပြန်ပြီနော် ကိုညွှန်း"

ရှင်းခေတ်စေစားရဲ့စကားကြောင့် ညွှန်းကခပ်ဖွဖွပြုံးရင်း.....၊

"ဒီတစ်ကြိမ်က နောက်ဆုံးတွေ့ဆုံခြင်းပဲထင်ပါရဲ့ ရှင်းခေတ်စေစား"

"မနာရဘဲ သက်သောင့်သက်သာ ကိုညွှန်းထွက်သွားနိုင်ဖို့ စီစဥ်ပေးထားတာမို့ စိတ်မပူပါနဲ့"

ရှင်းခေတ်စေစား စကားကြောင့် ညွှန်းရယ်ချင်စိတ်ဖြစ်သွားမိသည်။ဒီနေရာအထိတောင်ရောက်လာပြီးတဲ့ ညွှန်းမှာ ဘယ်လိုဘယ်ပုံသေဆုံးရမည်ဆိုတာကိုတွေးတောကာကြောက်ရွံနေမည်လို့များ ရှင်းခေတ်စေစားထင်နေသည်လားမသိ။

"တစ်ခုတော့ သိချင်တယ် ရှင်းခေတ်စေစား"

"မေးပါ ကိုညွှန်း"

"ငါတို့Condoမှာမင်းရှိနေတဲ့အချိန်တုန်းက မင်းသူငယ်ချင်းအမည်ခံနဲ့၇လွှာကကောင်လေးတိုက်ပေါ်ကနေပြုတ်ကျသွားတာ အဲ့တာမင်းပဲမလား"

"ဒါပေါ့...၊စိတ်မကောင်းပေမယ့် သူက ကိုညွှန်းကကျွန်တော့်ရဲ့အစီအစဥ်ဖြစ်နေတာကိုသိသွားတော့....."

"အဲ့တာကြောင့် မင်းကသူ့ကိုနူတ်ပိတ်လိုက်တာပေါ့"

ညွှန်းစကားကို ရှင်းခေတ်စေစားက သဘောတကျရယ်ရင်း မျက်ခုံးပင့်ပြသည်။ထိုအချိန်က မြင်ခဲ့ရသည့် နာနာဘာဝထိုကောင်လေးက ညွှန်းကြောင့်လို့တသသပြောရင်း ဒေါသထွက်နေသည့်ပုံစံကို ညွှန်းအခုနားလည်သွားပြီဖြစ်သည်။

"မိုးနဲ့ ဇ်ိုင်းစစ် လုပ်ငန်းစမယ်"

"နားလည်ပါပြီ Boss"

ရှင်းခေတ်စေစား အချက်ပြလိုက်နဲ့ မိုးကကလိုအပ်သည့် ပစ္စည်းတွေကို အသစ်ပြင်ကာ ဇိုင်းစစစ်ရကတော့ ညွှန််းကိုအသင့်ရှိနေသည် ကုတင်ပေါ်မှာ အင်အားသုံးကာ လှဲချစေသည်။အခု ညွှန်းပုံစံလေးသည် မကြာခင်မှာရာဇ်ပူဇော်ခံရတော့မည့် သားကောင်လေးသဖွယ်ဖြစ်နေသည်။ပစ္စည်းတွေကိုင်တွယ်လှုပ်ရှားနေသည့်အသံမှလွှဲ၍ အသေအချာပြင်ဆင်ထားသည့် လူလုပ်လျှို့ဝှက်ကျောက်ဂူအတွင်းထဲတွင် ‌အေးစက်စက်အငွေ့အသက်တို့ကပြည့်နှက်နေသည်။

You are My Bone [Complete]Where stories live. Discover now