Part - 108 [Unicode]

15.7K 625 121
                                        

Unicode

အပြာနု‌ရောင်အုပ်ဂူလေးနှစ်လုံးဟာ ယှဥ်လျက်အနေအထားနှင့် သစ်လွင်စွာတည်ရှိနေကြသည်။အုပ်ဂူလေးအပေါ်မှာတော့ Hydrangea Dark Blue ပန်းစည်းလေးနှစ်စည်းကတူညီစွာရှိနေသည်။

ရှင်းတခေတ် အသက် ၂၂နှစ်။
ရှင်းခေတ်စေစား အသက် ၂၆နှစ်။
နောက်ဆုံးတော့ ချစ်ရသူနှစ်ယောက် အတူတကွယှဥ်တွဲနေနိုင်သွားပြီဖြစ်လေသည်။

"အခုလောက် ရှင်းလည်းသေချာပေါက်ပျော်နေမယ်မလားမောင့်ညွှန်း"

"သေချာတာပေါ့...၊ရှင်းရော၊ရှင်းလေးရော အခုအချိန်ဆိုအတူရှိပြီးပျော်နေမှာသေချာတာမလို့ မောင်လည်း ပျော်ပျော်ရွင်ရွင်နေဖို့ကြိုးစားရမယ်မလား"

ပါးပြင်ကို ခပ်ဖွဖွထိတွေ့ရင်းပြောလာသည့် သူ့လူကြောင့် ဇမ်း ခပ်ဖွဖွပြုံးရင်း သူ့လူလက်ဖဝါးလေးကိုထပ်အုပ်ကိုင်ကာ အနမ်းခြွေမိသည်။သူ့လူရဲ့ ညွှန်းကြားချက်အရ ဆင်တူဝတ်လာခဲ့သည့် နှစ်ယောက်သားရဲ့ အပေါ်ထပ် ရှပ်အပြာရောင်လက်ရှည်ရဲ့ အောက်ဖျားစတို့ကတော့ လေအဝှေ့မှာ ခပ်ဖြေးဖြေး တဖျတ်ဖျတ်ခတ်သွားလေသည်။

"မောင့်ညွှန်းသာဘေးနားရှိရင် မောင်ကအမြဲတမ်းပျော်မှာ"

"ငါကအမြဲမောင့်ဘေးမှာရှိနေမှာပေါ့"

လက်နှစ်ဖက်နဲ့ဇမ်းပါးပြင်ကိုအုပ်ကိုင်ရင်း ပြောမိတော့ ဇမ်းက ညွှန်းကိုယ်လေးကိုရင်ခွင်ထဲဆွဲသွင်းကာ ညွှန်းပခုံးထက်မှာ မေးတင်လာ၏။ကိစ္စတွေအားလုံးပြီးဆုံးသွားသည့်နောက်မှာ ဇမ်း ရှင်းရဲ့အလောင်းကိုဖလမ်းကိုပြန်သယ်လာခဲ့သည်။ရှင်းခေတ်စေစားရဲ့အလောင်းကိုတော့ တောင်အောက်မှာတစ်ရက်ကျော်လောက်ရှာခဲ့ရပြီးမှရှာတွေ့ခဲ့သည်။တောင်စောင်းပေါ်ကပြုတ်ကျစဥ်အထိအခိုက်အတော်များခဲ့ပုံရသည့် ရှင်းခေတ်စေစားကတော့ သူမျက်နှာကိုပင်ဘယ်လိုမှမစစ်ဆေးနိုင်ခဲ့ပေ။သို့ပေမယ့် သူ့ရဲ့ဂိုဏ်းလက်စွပ်နဲ့သူ့ခန္ဓာကိုယ်ကရွှေလိပ်ပြာဂိုဏ်းအမှတ်အသားအပြင် ထွက်ရှိလာတဲ့DNA ရလာဒ်က ရှင်းခေတ်စေစားဖြစ်ကြောင်းသေချာခဲ့သည်။ပြီးနောက် ရှင်းရဲ့အလောင်းရော၊ရှင်းခေတ်စေစားကိုပါ ဖလမ်းမှာပင်ကောင်းမွန်စွာ သဂြိုလ်ခဲ့ပြီး အရိုးပြာတို့ကိုတော့ရန်ကုန်ကိုပြန်သယ်လာခဲ့သည်။ပြီးနောက် သူတို့ချစ်သူနှစ်ဦးကို အတူတကွ တည်ရှိစေသည်။

You are My Bone [Complete]Where stories live. Discover now