Part_38[Uni&Zaw]

42.1K 2.9K 415
                                        

Unicode

မနေ့ညက ကိစ္စတွေရှုပ်သွားကြောင့် ညွှန်းအိပ်ရာထအနည်းငယ်နောက်ကျသွားလေသည်။ဘေးကိုကြည့်လိုက်တော့ ဇမ်းကရှိမနေတော့။အိပ်ယာထထခြင်းမို့ ခေါင်းနည်းနည်းနောက်နေတာကြောင့် နားထင်ကို လက်ညိုး၊လက်မနဲ့အသာဖိနှိပ်ကာ ညွှန်းအိပ်ယာထက်ကနေထလိုက်သည်။သူဇမ်းကို မနက်စာပြင်ပေးရအုန်းမယ်မလား။

ညွှန်းအိပ်ယာပေါ်ကထလာပြီးတာနဲ့ ရေချိုးခန်းထဲတန်းမဝင်သေးဘဲ မီးဖိုခန်းထဲကိုအရင်ထွက်ခဲ့လိုက်သည်။ဘာလို့ဆို ဇမ်းရေချိုးခန်းထဲရှိနေမယ်ထင်တာကြောင့်ရော မနက်စာအတွက်ဘာလုပ်ရင်ကောင်းမလဲပါ တွေးရင်း လုပ်ဖို့ဖြစ်သည်။သို့ပေမယ့် မီးဖိုခန်းထဲရောက်တော့ ညွှန်းမျက်ဝန်းလေးတွေ အံ့သြမှု့‌တို့ကြောင့်လက်ဖြာသွားရသည်။စားပွဲပေါ်မှာ မနက်စာကအသင့်ဖြစ်နေတဲ့အပြင် ဇမ်းကပါ ထိုင်နေနှင့်ပြီးသား....၊

"အကို နိုးလာပြီလား"

ညွှန်းကိုမြင်သွားတဲ့ရှင်းလေးက ဇမ်းဆီကို ထမင်းကြော်ပန်းကန်ချပေးနေရင်း ပြုံးကာ လှမ်းပြောပေမယ့် မပြုံးနိုင်တာက ညွှန်း။

"အင်း...."

"တစ်ခါထဲဝင်စားလိုက်လေအကို ရှင်းပြင်ထားပြီးပြီ"

ပြုံးပြုံးရွင်ရွင်နဲ့ ဖော်ရွေဖိတ်ခေါ်နေပုံက ကိုယ့်အိမ်ကိုယ့်ယာကိုရောက်လာသည့်ဧည့်သည်ကို ထမင်းစားဖို့ခေါ်နေသလို။စားပွဲပေါ်ကိုကြည့်လိုက်တော့ ထမင်းကြော်လေးက သုံးပန်းကန်နဲ့ ဇမ်းဘက်မှာတော့ ပေါင်မုန့်ပန်းကန်လေးပါထပ်ရှိနေသေးသည်။

"အကို"

"ဟင်..."

မြင်လိုက်ရသည့်မြင်ကွင်းတွေက ဘာလို့မှန်းမသိညွှန်းအတွက် စိတ်အဆင်မပြေစရာဖြစ်နေတာမို့ ရှင်းလေးခေါ်တာကို တော်တော်နဲ့မကြားနိုင်ဖြစ်သွားရ၏။

"အကို တစ်ခါထဲဝင်စားမလားဟင်"

"အမ်....အ..."

"သူမျက်နှာအရင်သစ်ပါစေ"

ညွှန်းတစ်ခုခုပြန်ဖြေဖို့တွန့်ဆုတ်နေတုန်း ဇမ်းရဲ့ခပ်ပြတ်ပြတ်အသံကထွက်ပေါ်လာလေသည်။ညွှန်းလှမ်းကြည့်လိုက်တော့ ဇမ်းကထိုင်နေမြဲပဲဖြစ်ကာ အကြည့်တို့က စားပွဲပေါ်မှာပဲစူးစိုက်သက်ရောက်နေ၏။

You are My Bone [Complete]Where stories live. Discover now