Part - 90 [Uni&Zaw]
20.4K 1K 127
Part - 90 ကဇမ်းရဲ့artလေးပါရှင့်။ဇမ်းပုံလေးကို ဆွဲပေးတဲ့ အချစ်ကလေး ဘီ့ကိုကျေးဇူးအများကြီးတင်ပါတယ်ရှင့်။ပုံယူသုံးခွင့်မပြုပါဘူးနော်။
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Part - 90 ကဇမ်းရဲ့artလေးပါရှင့်။ဇမ်းပုံလေးကို ဆွဲပေးတဲ့ အချစ်ကလေး ဘီ့ကိုကျေးဇူးအများကြီးတင်ပါတယ်ရှင့်။ပုံယူသုံးခွင့်မပြုပါဘူးနော်။
Unicode
"အကို ဇမ်း!"
ရင်းနှီးနေသည့်အသံ ခပ်ဖျော့တိုးတိုးက နားစည်ထဲဝင်လာတော့ ပန်းသီးစိမ်းဆီလှမ်းနေသည့် ဇမ်းရဲ့လက်တွေတန့်ကာ အခန်းဝကိုကြည့်လိုက်မိသည်။အဖြူအောက်ခံပေါ်ကနေ အပြာနုရောင်လက်ရှည်ကိုထပ်ဝတ်ထားကာ တွေ့နေကြအတိုင်း ဆံပင်အုပ်အုပ်လေးနဲ့ ရှင်းခေတ်စေစားမျက်နှာမှာ အညိုးအမဲစွဲသည့် တစ်ချို့နေရာများကြောင့် မျက်နှာကို အနည်းငယ်အကြီးတန်စေသည်။သို့သော် ထို အပြာလွင်လွင်ပုံရိပ်နှင့် ဇမ်းကိုကြည့်သည့် မျက်ဝန်းအကြည့်တွေပေါင်းစပ်သွားသည့်အခါ ဇမ်းရင်ထဲ လျှပ်စီးလက်သွားသလိုဖျင်းခနဲဖြစ်သွားရသည်။ဒီပုံစံသည် ရှင်နဲ့ဘာလို့ ဒီလောက်တူနေရတာလဲ။အထူးသဖြင့် ထိုမျက်ဝန်းတွေ။
"မင်း....၊ရှင်းခေတ်...."
ဇမ်းစကားပင်မဆုံးသေး အနောက်မှာထပ်ရောက်သည့် ပုံရိပ်ကြောင့် စကားစတွေပါပြတ်တောက်သွား၏။ဇာနားကွတ်ပါသည့် ဂါဝန်အရှည်ကိုဝတ်ထားသည့် ထနောင်းရိပ်သည် ဆံပင်တွေကိုတော့ ခပ်မြင့်မြင့်စည်းထား၏။ရိုက်နှက်ခံထားရပုံ မပေါ်ပေမယ့် မျက်ဝန်းတွေက စိုးရိမ်မှု့အပြည့်ဖြင့် ဖြစ်သည်။ဇမ်း လက်သီးနှစ်ဖက်ကို ခပ်တင်းတင်းဆုပ်လိုက်မိသည်။
You are My Bone [Complete]Where stories live. Discover now