Part - 104 [Uni&Zaw]

13.1K 619 138
                                        

Unicode

"ဇမ်း"

"........"

"ဇမ်း ငါခေါ်နေတယ်လေကွာ"

ညွှန်းတစ်ယောက် ဇမ်းရဲ့အသိစိတ်မဲ့နေသည့် ခန္ဓာကိုယ်ကြီးကို ရေထဲကနေ ကျောက်ဂူထဲအထိရောက်လာသည်အထိ ခက်ခက်ခဲခဲတွဲခေါ်သယ်လာခဲ့ပြီးနောက် တတ်သိသမျှရှေးဦးသူနာနည်းတို့ကိုအသုံးပြုကာ ကုသခဲ့ပေမယ့် ဇမ်းအခြေအနေကထူးခြားမခဲ့ပေ။ဒါ့အပြင် ကြယ်သီးတွေကိုအကုန်ဖြုတ်ထားတာကြောင့် မြင်နေရသည့် ခန္ဓာကိုယ်မှဒဏ်ရာများ။ခန္ဓာကိုယ်အနှံ့မှာ မြင်ရက်စရာတောင်မရှိသည့် ဒဏ်ရာပေါင်းများစွာအပြင် ဇမ်းရဲ့ သွေးခုန်နူန်းနဲ့ နှလုံးခုန်နူန်းတို့ကပါ စိုးရိမ်ဖွယ်ကောင်းစွာပင် သိသိသာသာကိုနှေးကွေးဖျော့တော့လာခဲ့သည်။

"ဇမ်းရေ...."

ကြယ်သီးတွေဖွင့်ဟထားတာကြောင့် ဒဏ်ရာများစွာနဲ့ဗလာဖြစ်နေသည့် ဇမ်းရင်ဘတ်ပေါ်ကို ညွှန်းလက်တွေတင်ထားရင်း တတွတ်တွတ်ခေါ်နေမိသည်။ထို့နောက် တဖြည်းဖြည်းအေးစက်လာသည့် ဇမ်းရဲ့ခန္ဓာကိုယ်အပူချိန်ကို သတိထားမိလာပုံရသွားသည့် ညွှန်းသည်....၊

"ဇမ်း ငါ့ကိုခဏစောင့်နေပေး"

ညွှန်း ပြောလည်းပြော သူ့အပေါ်ထပ်အင်္ကျီကို ဇမ်းကိုယ်ပေါ်လွှမ်းပေးလိုက်ရင် ကျောက်ဂူအပြင်က်ု ထွက်ဖို့ပြင်လိုက်သည်။သိပ်မကြာခင် မိုးချုပ်လာတော့မည်။ထို့ကြောင့် မိုးမချုပ်ခင် လိုအပ်သည့် ထင်းခြောက်တို့ကိုရှာထားမှ အဆင်ပြေလိမ့်မည်။

တောကြီးထဲမို့ သစ်စိုသစ်ခြောက်က အတော်ကို ပေါလွန်းသည်။ညွှန်း အဆင်ပြေမယ်ထင်သည့် သစ်ခြောက်စတို့ကို ရှာဖွေကောက်ယူရင်း မျက်လုံးတို့ကလည်း အပင်တစ်ချို့ဆီကို ဝေ့ဝဲကြည့်ရင်း ဆန်းစစ်နေမိသည်။တောကြီးထဲဖြစ်သည့်အလျှောက် ဆေးပင်ဆေးရွက်တို့လည်းပေါက်ရောက်နေမှာအသေအချာပင်။ထို့ကြောင့် ဇမ်းဒဏ်ရာတွေကို သက်သာစေနိုင်သည့် ဆေးပင်ဆေးရွက်တစ်ချို့ တွေ့နိုင်လို့တွေ့နိုင်ငြား စူးစမ်းမိခြင်း။ညွှန်းသည်လည်း မြန်မာ့ဆေးနည်းတစ်ချို့ကို သင်ယူဖူးသည့်လူတစ်ယောက်ဖြစ်ခဲ့ဖူးသည်မို့။

You are My Bone [Complete]Where stories live. Discover now