Unicode
အမြဲတမ်းခပ်အုပ်အုပ်ချထားတတ်တဲ့ဆံပင်တို့က အခုဘေးဘက်ကိုခွဲကာအပြောင်သိမ်းကာလှန်တင်ထားသည်။မျက်မှန်လေးပါချွတ်ထားတော့ သူ့ရဲ့ကလေးလေးကတကယ့်ကိုလူကြီးလေးလိုဖြစ်နေ၏။သို့ပေမယ့် နူးညံ့သည့်ကလေးငယ်ရဲ့နဂိုမူရင်းပုံလေးကတော့ပျောက်မသွားပေ။Three-piece Suit အဖြူကိုဝတ်စုံအပြည့်ဝတ်ထားတာကြောင့် ကလေးငယ်က နတ်သူငယ်လေးနှင်ပင်တူလှသည်။
"ကိုကို"
သူ့ကိုမြင်တော့ ပါးချိုင့်နက်နက်လေးတွေပေါ်လာသည်အထိ ပြုံးပြကာလက်လှမ်းပြသည်။ထိုပါးချိုင့်လေးတွေက သူတို့နှစ်ယောက်မှာတူညီစွာရှိနေသည့် တည်ရှိမှု့လေး။ကလေးငယ်နည်းတူ သူ့မှာလည်း ပါးချိုင့်နက်နက်တွေရှိသည်။ဒါ့အပြင် တူညီတဲ့အမည်နာမလေးတွေနှင့်သူတို့နှစ်ယောက်သည်.....။
"ကိုယ့်ကလေးလေးက အခုကျတော့လူကြီးပေါက်စလေးအတိုင်းပဲ"
"ကိုကိုကဗျာ လူကြီးဆိုလည်းလူကြီးပေါ့....၊ဘာလို့ပေါက်စကပါလာရတာလဲ"
"ကိုကို့မျက်စိထဲတော့ ကလေးလေးကအမြဲတမ်းပေါက်စလေးပဲသိရဲ့လား"
ပါးချိုင့်နက်နက်တွေရှိနေသည့် နေရာလေးကိုလက်ညိုးနဲ့ခပ်ဖွဖွတို့ကာပြောတော့ မျက်မှောင်ကုတ်ကာ လူကိုပြန်ကြည့်သည်။ရှင်းခေတ်စေစား သဘောတကျပြုံးမိသွားရပါ၏။ဒီတိုင်းစကားပြောရင်တောင် ကလေးငယ်ရဲ့ပါးချိုင့်လေးတွေကပေါ်ပေါ်လာတတ်တာမို့ တကယ်ကိုချစ်စဖွယ်။
"ရှင်းခေတ်စေစားနဲ့ရှင်းတစ်ခေတ်....၊ရှင်းနှစ်ရှင်းအသင့်ဖြစ်ပြီလား"
မဂႅလာပွဲကိုကောင်းချီးပေးမဲ့ သင်းအုပ်ဆရာက သူတို့နှစ်ယောက်အားချစ်စနိုးဖြင့်စနောက်သည်။အပြာရောင်နှင်းဆီပန်းစည်းအသေးစားလေးကို ကိုင်ထားသည့် ရှင်းတစ်ခေတ်၏ခေါင်းပေါ်မှာတော့ ချယ်ရီပန်းအခွေလေးက ချစ်စဖွယ်ရှိနေသည်။
"အဆင့်သင့်ဖြစ်ပါပြီဗျ"
ရှင်းတစ်ခေတ်က သွက်လက်တက်ကြွစွာဖြေတော့ ရှင်းခေတ်စေစားက ရှင်းတစ်ခေတ်ရဲ့ခေါင်းလေးကိုခပ်ဖွဖွပုတ်သည်။တော်ကြာ လုပ်နေကျအတိုင်းအသည်းယားပြီးဆွဲဖွမိလို့ ပုံသွင်းထားတဲ့ ဆံပင်တွေပုံပျက်သွားရင်ကြောင်ပေါက်ကလေးက သူ့အားစိတ်ကောက်မည်မှာမလွှဲပေ။
YOU ARE READING
You are My Bone [Complete]