Unicode
[A/N _ ဤနောက်ပိုင်းတွင်ပါဝင်သောFicပါဆေးပညာဆိုင်ရာအကြောင်းအရာတို့သည် ပြင်ပဆေးပညာတို့နှင့်မတူညီပါကစာရေးသူ၏စိတ်ကူးမျှသာဖြစ်သည်။ကျေးဇူးတင်ပါတယ်ရှင့်။]
"ညနေစာ မစားခင် ကျွန်တော်နဲ့အတူ အထူးဧည့်သည်တစ်ယောက်ကိုတွေ့ဖို့အတွက် တစ်နေရာကိုခဏလိုက်ခဲ့နိုင်မလား ကိုဇမ်း"
လျှောက်လမ်းမှာ အတူလမ်းလျှောက်နေရင်းကနေ ပြောလာသည့် ဇိုင်းစစ်ရဲစကားကြောင့် ဇမ်းကခေါင်းတစ်ချက်ညိတ်ပြသည်။ညနေစားရုံပဲမို့ ဇမ်း Shirt အဖြူနဲ့ကာကီရောင် စတိုင်ပန်ကိုပဲပေါ့ပေါ့ပါးပါးနဲ့ခပ်သန့်သန့်ဝတ်ထားလိုက်သည်။အခြေအနေက ဘယ်လိုဖြစ်လာမလဲမသိတာမို့ သတိကိုမလွတ်စေဘဲ လူကတစ်ခုခုဆို အသင့်အနေအထားဖြစ်နေသည်။လျှောက်လမ်းကနေတောက်လျှောက် လျှောက်လာပြီးနောက်မှာ အစွန်ဆုံးက အခန်းထဲကို ဇိုင်းစစ်ရဲက ဦးဆောင်ဝင်သွားသည်။
"......."
ဇမ်း အခန်းထဲဝင်ပြီးတာနဲ့ ဖျတ်ခနဲအမှောင်အတိကျသွားတာကြောင့် ခြေလှမ်းတွေကိုသတိကပ်လိုက်၏။ညနေခင်းမို့ အပြင်မှာ လင်းနေသေးတာမှန်သော်လည်း လိုက်ကာတွေအကုန်ဆွဲပိတ်ထားသည့် အလုံပိတ်အခန်းကျယ်မို့ အခန်းမီးကိုမှိတ်ချလိုက်တာနဲ့ အမှောင်တိဖြစ်သွားတာတော့မထူးဆန်းပေ။
"အ့!"
ဘေးကိုကပ်လာသည့်ခြေသံခပ်ဖွဖွကိုကြား၍ သတိအနေအထားနှင့် ကိုယ်ကိုလှည့်လိုက်ပေမယ့် လည်ပင်းမှာစူးခနဲဖြစ်သွားခြင်းကို မတားလိုက်နိုင်ခဲ့ပေ။ထို့နောက် အားလျော့လာသည့် ခန္ဓာကိုယ်အခြေအနေကို သိလိုက်တာနဲ့ သတိအလုံးစုံလွှတ်မသွားခင် လည်ပင်းမှာဆွဲထားသည့် ဆွဲကြိုးရဲ့ဆိုင်ကယ်လော့ကယ်မှာပါတဲ့ခဘုတ်ကို တစ်ချက်ဖိနှိပ်ချလိုက်မိသည်။ထို့နောက် ပျော့ခွေလာသည့်အင်အားနဲ့မခိုင်တော့သည့်ခြေတို့ဟာ သူ့အား ကြမ်းပြင်ပေါ်ဒူးထောက်ကျသွားစေခဲ့လေသည်။သို့နောက် အဆုံးသတ်မှတ်ညာဏ်တွေအမှောင်အတိကျမသွားခင် စိတ်ထဲမှာ အော်ဟစ်ညီးတွားမိခြင်းသည်ကား.....၊
မောင့်ညွှန်း အန္တရာယ်ကင်းတဲ့နေရာဆီထွက်သွားတော့....။
___________________________
YOU ARE READING
You are My Bone [Complete]