Part_42[Uni&Zaw]

41.3K 3.1K 426
                                        

Unicode

"မိုး!"

"ဟုတ်ကဲ့ Boss"

"မင်းအတွက်် တာဝန်ပြောင်းသွားပြီ"

"ဒါဆို ဒီဘက်က ကိစ္စတွေကရော Boss"

"အဲ့အတွက် ငါစီစဥ်ထားတာမို့ စိတ်မပူနဲ့"

ဖုန်းထဲကနေပျံ့လွင့်လာတဲ့ Bossအသံက ပုံမှန်အချိန်တွေလိုပင် သြဇာညောင်းကာကြည်လင်နေ၏။ဘယ်အလုပ်မဆို အမြဲတမ်း သွေးအေးအေးနဲ့ အစီအစဥ်ချကာ အချိန်ကောင်းကိုစောင့်ပြီး လုပ်တတ်တဲ့ Boss‌ကြောင့် ဘယ်အလုပ်မဆို ဖြောင့်ဖြောင့်ဖြူးဖြူးပင်ပြီးဆုံးတာပင်။တစ်ချို့အချိန် အာဏာပိုင်တွေနဲ့ညှိတဲ့အချိန်တွေရှိခဲ့ရင်တောင် Boss စကားတစ်ခွန်းနှစ်ခွန်းပြောရုံနဲ့ အကုန်ငြိမ်းဝပ်ပိပြား သွားရ၏။ထို့ကြောင့်ပဲ ရွှေလိပ်ပြာဂိုဏ်း ဆိုတာ အရင် သခင်ကြီးလက်ထပ်ကထက် Bossလက်ထပ်မှာ စနစ်တကျနဲ့ပိုကာတိုးတက်ကျယ်ပြန့်လာခြင်း။

အရင်ကထက် ရွှေလိပ်ပြာဂိုဏ်းက ပိုတိုးတက်ကျယ်ပြန့်လာသလို လက်ခွဲများစွာနဲ့ကျယ်ပြန့်သလောက်လည်း ဂိုဏ်းသားတိုင်းအပေါ် Bossရဲ့အာဏာဟာ သက်ရောက်လွှမ်းမိုးနိုင်ဆဲပင်။

"ဒါဆို မိုးကဘာဆက်လုပ်ရမလဲ Boss"

"နောက်နှစ်ရက််နေရင် မင်းအဲ့ကနေ ထွက်ခဲ့လိုက်တော့...၊ပြီးတာနဲ့ပင်မစခန်းကိုအရင်ပြန် ပြီးရင် နဂါးတို့ရှိတဲ့ အခြေစိုက်စခန်းမှာ ပစ္စည်းတွေသွားယူရမယ်"

"ဟုတ်ကဲ့ပါ Boss....လမ်းကြောင်းကရော"

"အဲ့အတွက်စိတ်မပူနဲ့ ငါအကုန်လမ်းရှင်းပေးထားတယ်...၊မင်းမြို့ထဲရောက်တာနဲ့ နဂါးတို့ဘက်ကလူလွှတ်ပေးလိမ့်မယ်...၊မင်းလိုက်သွားပြီးရင်‌ အဲ့မှာပစ္စည်းတွေယူခဲ့လိုက်...၊ဒီတစ်ခေါက်က ပစ္စည်းနည်းနည်းများတယ်ဂရုစိုက်...၊ငါ့အတွက်အရေးကြီးပစ္စည်းတစ်ချို့ပါတာမို့လို့ အထိအခိုက်မရှိဘဲရောက်အောင်ယူခဲ့"

"ဟုတ်ကဲ့ပါ Boss"

"ပြီးတော့ ဒီတစ်‌ခေါက် မင်းကိုကိစ္စတစ်ခုပါလုပ်ခိုင်းရမှာ"

"ဟုတ်ကဲ့ ပြောပါ Boss"

"မနေ့က ဦးပန်ဆီက ဖုန်းရတယ်...၊တရုတ်ဘက်က ဝယ်‌လက်တွေက အရေးတကြီးဆွေးနွေးတယ်တဲ့....၊မင်းကိုယူခိုင်းတဲ့ ပစ္စည်းထဲမှာအဲ့တာလည်းပါတယ်"

You are My Bone [Complete]Where stories live. Discover now