Unicode
စားပွဲပေါ်ကစာအိတ်လေးနှစ်အိတ်ကိုကြည့်ရင်း ဇမ်းသက်ပြင်းမကြာခဏချမိနေသည်။လက်ထဲကိုရောက်တာအချိန်တစ်ခုရှိနေပေမယ့် အခုထိစာအိတ်တွေကိုဖွင့်ဖောက်မဖတ်ရသေး။စာအိတ်စရောက်ကတည်းက အတွဲလိုက်ရောက်လာသည့် ပြဿနာအခြေအနေတွေအပြင် ရောက်လာသည့် ဒီနယ်မြေရဲ့ မျက်လုံးတွေကြောင့် အရာအားလုံးကို ဇမ်းသတိထားနေရသည်။အထဲမှာရေးထားတဲ့စာတွေကို တကယ်သိချင်နေပြီဖြစ်၏။
"ညွှန်း..."
အခန်းထဲကိုခပ်မှန်မှန်လျှောက်ဝင်လာတဲ့ သူ့လူက ဇမ်းကိုမြင်တော့ မျက်နှာထားက တစ်ခြားတစ်ယောက်လိုပြောင်းလဲသွား၏။ခါးသီးလွန်းနေသည့်အကြည့်တို့ကဇမ်းနှလုံးသားကို ချောက်နက်ထဲဆွဲချလိုက်သလိုပင်။သို့သော် ဇမ်းရဲ့မျက်ဝန်းတွေကတော့ တည်တည်ငြိမ်ငြိမ်သာ။
"ဘယ်သွားတာလဲ"
အပြောနဲ့အတူ လက်ကိုဆွဲဖို့လှမ်းလိုက်တော့ ဇမ်းလက်တွေကို ဖယ်ရှောင်သွားကာ....၊
"ငါ့အသားကိုလာမထိနဲ့ မင်း"
အသံလှိုင်းတို့ကအေးစက်ကာ မျက်ဝန်းအကြည့်တို့ကလည်း လူယုတ်မာတစ်ယောက်ကိုမြင်နေရသလို။ဇမ်း စိတ်ကိုတစ်ထစ်လျော့ချလိုက်သည်။
"စကားပြောမယ်"
"မင်းလို လူသတ်သမားနဲ့ပြောစရာဘာစကားမှမရှိဘူး ငါ့ရှေ့ကဖယ်"
ရင့်သီးတဲ့စကားလုံးတစ်ချို့ကိုထုတ်နုတ်ပြောလိုက်ပြီးမှ ညွှန်းရင်ထဲနာကျင်သွားရသည်။သူဒီလူဆိုးကောင်ကို ဤသို့သော ဆိုးဆိုးရွားရွားစကားတွေမပြောထွက်ချင်ပါ။ထို့ကြောင့် မတွေ့ဖြစ်အောင်ရှောင်နေသည့်ကြားကရှေ့တည့်တည့်ကိုလာနေသည့်အခါ ပြောပစ်မိပြန်သည်။
Luna တောင်ပေါ်ကသေနတ်ဒဏ်ရာနဲ့ပြုတ်ကျသွားခဲ့သည်မှာ မနေ့ကမနက်ခင်းကမို့ ယနေ့ဆို တစ်ရက်နဲ့နေ့တစ်ပိုင်းရှိခဲ့ပြီ ဖြစ်သည်။သို့သော် မနေ့ကမနက်ခင်းကတည်းက သတိလစ်သွားသည့် ထနောင်းရိပ်သည် ယခုအချိန်အထိပြန်မနိုးလာခဲ့သေးပါ။နှလုံးခုန်နူန်းကအရမ်းအားနည်းနေတဲ့အပြင် သွေးခုန်နူန်းတွေကပါ မတည်ငြိမ်ပေ။ဘာဒဏ်ရာ၊အနာတရမှမရှိသည့်တိုင် ထနောင်းရိပ်အခြေအနေကစိုးရိမ်ဖွယ်ရာအခြေအနေမှာရှိနေသည်။ဒါပေမယ့် မျှော်လင့်ချက်တော့ ရှိနေသေးသည်။သိူ့သော် Lunaကတော့ဤသို့မဟုတ်ပေ။သေနတ်ဒဏ်ရာအပြင်ပြုတ်ကျသွားသည့်တောင်အမြင့်သည် ဘယ်လိုမှအသက်ရှင်နိုင်ဖွယ်ရာမရှိ။
YOU ARE READING
You are My Bone [Complete]