Part - 100 [Uni&Zaw]

24K 874 188
                                        

Unicode

"လက်ထပ်ပွဲကို အကျဥ်းချုံးပဲလုပ်ချင်ပါတယ်"

တုတုစကားကြောင့် အကုန်လုံးရဲ့အကြည့်တွေက တုတုဆီရွေ့လျားလာသည်။အထူးသဖြင့် စက်ရှိန်မျက်ဝန်းတွေကအံ့သြနေသလို။သူတွေးထားတာ ဤအခြေအနေမျိုးမဟုတ်။

"သားကဘယ်လိုစီစဥ်ချင်လို့လဲ"

"ရုံးတက်လက်မှတ်ထိုးပြီး မဂႅလာဆွမ်းကျွေးလေးပဲအကျဥ်းချုံးလုပ်ချင်ပါတယ်....၊နောက်ပြီး မဂႅလာပွဲအတွက်ကုန်ကျမဲ့ကုန်ကျစရိတ်ကို မိဘမဲ့ဂေဟာနဲ့ ဘိုးဘွားရိပ်သာကိုပဲလှုချင်ပါတယ်"

စက်ရှိန်မျက်ဝန်းတွေဖျော့သွားသည်။သူ့ရှေ့က လည်ကတုံးအဖြူလက်ရှည်လေးကိုပုဆိုးနဲ့တွဲဖက်ဝတ်ဆင်ထားတာကြောင့် ကလေးကိုလူကြီးပုံစံအတင်းလုပ်ယူထားသလိုဖြစ်နေသည့် ကောင်လေးကိုကြည့်မိသည်။နှစ်ပတ်လောက်အကြာမှသေချာပြန်တွေ့ရလို့လားမသိ ထိုကောင်လေးရဲ့မျက်နှာအမူအရာက ကျန်ခဲ့တဲ့လတွေကလို မဟုတ်။ငြိမ်အေးနေသည်။မျက်လုံးအကြည့်တွေကကြည်လင်နေသည်။အရင်ကလို ရှုပ်ထွေးနေတာမျိုးမဟုတ်တော့။

"မောင်နေကရော ဘယ်လိုဖြစ်ချင်လဲ"

လူကြီးရဲ့အမေးက စက်ရှိန်ဆီသိုတစ်ဖန်ပြန်လည်လာသည်။စက်ရှိန်ကတော့ ရယ်ခြင်းပြုံးခြင်းမရှိပကတိမျက်နှာတည်နဲ့ ခပ်ဖြေးဖြေးခေါင်းခါပြသည်။ပြီးမှ တည်ငြိမ်တဲ့လေသံအတက်အကျငြိမ်ငြိမ်ဖြင့်....၊

"ကျွန်တော့်အနေနဲ့ဘာမှထူးထွေပြီး တောင်းဆိုစရာ၊ကန့်ကွက်စရာမရှိပါဘူး....၊အကုန်လုံးကို နှိုင်းရတုဆစ်စိတ်တိုင်းကျစီစဥ်ပေးမှာပါ"

စက်ရှိန်က စကားကိုခဏရပ်ကာ တုတုမျက်နှာဆီကို အကြည့်ပို့လိုက်၏။ပြီးမှ....၊

"အဲ့အတွက် မင်းဘက်ကလည်း ဘာအတွက်ညာအတွက် ဆိုပြီးထည့်သွင်စဥ်းစားချင့်ချိန်ပေးဖို့မလိုဘူး"

မျက်နှာတည့်တည့်ကိုကြည့်ပြီးပြောလာသည့် ဦးစက်စကားကြောင့် တုတု ခပ်ဖျော့ဖျော့ပြုံးလိုက်မိသည်။အသားကျနေပြီဆိုသော်လည်းနာကျင်စေတဲ့စိတ်နဲ့ ရိုက်ပုတ်တဲ့အခါနာကျင်ရတာပါပဲ။

You are My Bone [Complete]Where stories live. Discover now