Unicode
စားပွဲပေါ်က လက်ထပ်ဖိတ်စာလေးက အညိုရောင်စိုစိုလေး။ကိုယ့်ရဲ့အထက်လူကြီးတစ်ယောက်ဖြစ်ခဲ့သလို၊ရင်းနှီးခဲ့ရသည့်မိတ်ဆွေဖြစ်ခဲ့သည့်အလျှောက် ဤလက်ထပ်ပွဲသည် ညွှန်းမဖြစ်မနေတက်ကိုတက်ရမည့်ပွဲပင်။သို့သော် သတို့သားဖြစ်လာမည့်လူရဲ့ပုံစံက အနည်းငယ် မအေးချမ်းသလိုပင်။
"အကိုလေး ကော်ဖီ"
"အော် စောသိုက်ကျေးဇူးပဲနော်....၊ကိုနေ ကော်ဖီလေး"
ဇမ်း အမေရိကကိုသွားကတည်းက စောသိုက်နဲ့စောအိုက်က ညွှန်းအဖော်ရအောင်လာနေပေးနေတာဖြစ်သည်။မတွေ့ရရင်တစ်ယောက်နဲ့တစ်ယောက်ပတ်ရှာနေကာ တွေ့ရင်လည်းမတည့်ကြသည့် ထိုညီကိုနှစ်ယောက်ကြောင့် ညွှန်းမှာ ပျင်းရတယ်ကိုမရှိပါ။အခုလည်း ကိုနေရောက်တာကြောင့် သူ့သခင်လေးစကားကိုနာခံတတ်လွန်းသည့်စောသိုက်က ကော်ဖီပြေးဖော်လိုက်၊မုန့်တွေလာချပေးလိုက်နဲ့ ခြေရှုပ်နေေတာ့သည်။
"စောသိုက်...."
ကော်ဖီချပေးပြီးအခုထိပြန်မထွက်သွားသေးသည့် စောသိုက်ကို အနောက်မှစောအိုက်က အသံကျယ်ကျယ်နဲ့ လှမ်းခေါ်လာတာမို့ စောသိုက်မျက်နှာကြီး ရှုံမဲ့သွားကာ....၊
"ကျွန်တော် ဒီမှာ အိုက်"
"ဘယ်မှာနေနေ အခုချက်ချင်းငါ့ဆီလာ"
"အိုက်ကဗျာ....."
စောသိုက် စိတ်ညစ်သွားကာ ညွှန်းကိုမချိပြုံး ပြုံးပြကာ စောအိုက်ရှိရာ ပြေးလေသည်။
"အိုက်က ဘာလဲဗျာ...၊ကျွန်တော် ဟိုမှာ"
"မပြောနဲ့ ငါသိတယ်....၊အကိုလေးက ကလေးမှမဟုတ်တာ...၊အဲ့လောက်ထိစောင့်ကြည့်နေရအောင်အကျဉ်းသားလည်းမဟုတ်ဘူး....၊သူ့ဘာသာ သူ့ဧည့်သည်နဲ့ လွတ်လွတ်လပ်လပ်ပြောပါစေ"
"ဒါပေမယ့် အကိုလေးဧည့်သည်က"
"နောက်တစ်ခွန်းဆို ငါမင်းကို နားရင်းအုပ်တော့မှာ စောသိုက်"
အကိုလေးဧည့်သည်က ကိုဖန်နေစက်ရှိန်လေလို့ စောသိုက်အထွန့်တက်ဖိုပြင်နေရုံရှိသေး ထပ်ပြောလာသည့် စောသိုက်စကားကြောင့် ပါးစပ်ပိတ်လိုက်ရကာ လှမ်းမြင်နေရသည့် အကိုလေးနဲ့ ထိုလူကို စောသိုက် မကျေမချမ်းကြည့်လိုက်မိပါ၏။ဘာကြောင့်ဆို စောသိုက်သည်လည်း သခင်လေးနည်းတူ ထိုဖန်နေစက်ရှိန်ဆိုသည့်လူအားကြည့်မရခြင်းကြောင့်ပင်။
YOU ARE READING
You are My Bone [Complete]