Part - 94 [Uni&Zaw]

20.3K 911 177
                                        

Unicode

ချစ်ရသူလေးရှိနေသည့် နေရာကိုအချက်ပြခြေရာခံစက်က တိတိကျကျဖော်ပြနေသည်။ကြိုတင် သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း သတိကြီးကြီးထားကာ Luna သွားနေရ၏။တတ်နိုင်ဆုံးလှုပ်ရှားမှု့ကို သိုသိုသိပ်သိပ်နှင့်ပေါ့ပါးစေသည်။အမှောင်ရိပ်ခိုကာလှုပ်ရှားနေသည့်တိုင် မျက်လုံးတွေကိုလည်း ပတ်ဝန်းကျင်မှာဖြန့်ကျက်ထားရ၏။

ရိပ်ရှိနေသည့်အခန်းမှာ မှန်ကာထားသည့် ဝရံတာထုတ်ထားတာမို့ တစ်ခုထဲသော လမ်းစက ထိုနေရာအထိ တွယ်တက်ဖို့ပင်။အတော်လေးမြင့်ပေမယ့် နည်းလမ်းက ထိုအရာအပြင်မရှိ။အသင့်ယူလာသည့် climbing rope ကို ထိုနေရာမှချိတ်တွယ်လို့ရမဲ့အရာဆီပစ်တင်လိုက်၏။အတော်လေး အဆင်ပြေလောက်ပြီဟု ချိန်ဆမိမှ Luna ကြိုးကိုဆွဲကာ နံရံကိုလည်းအမှီပြုရင်း တွယ်တက်လိုက်၏။အလေ့အကျင့်ဖြစ်နေသည့် လှုပ်ရှားမှု့တစ်ခုဖြစ်နေတာကြောင့် သွက်သွက်လက်လက်နဲ့ ခဏလေးနှင့်ပင် သတ်မှတ်ထားသည့်နေရာကိုရောက်လာသည်။

မှန်တံခါးနဲ့ကပ်လျက်ရှိနေသည့် ဝရံတာကိုတော့ နည်းနည်းလေး ခက်ခက်ခဲခဲအားသုံးတက်လိုက်ရ၏။

"အရိပ်!"

"အင်း ကိုယ်ပဲ"

ရုတ်တရပ် Lunaကိုတွေ့လိုက်ရတာကြောင့် ထနောင်းရိပ်ပျော်သွားရကာ Luna ‌ရင်ခွင်ထဲပြေးဝင်တော့သည်။

"ရိပ်ကို လာ‌ပြန်ခေါ်တာလားဟင်"

"ဒါပေါ့....၊ကိုယ့်ကောင်မလေးကို လာခိုးတာ....၊ဒီကနေထွက်ပြီးအိမ်ရောက်တဲ့အခါ ရိပ်ရိပ်လေးက ကိုယ့်တစ်ဘဝလုံးကိုတာဝန်ယူရမှာနော်"

Lunaရဲ့ရွှတ်နောက်နောက်အပြောကို ထနောင်းရိပ်က မျက်ရည်ဝေ့သည့်မျက်ဝန်းလေးတွေနဲ့မကျေမချမ်းကြည့်ကာ မျက်စောင်းထိုး၏။

"ဘာလို့ ငိုတာလဲကွာ"

ကျမလာသေးသည့်မျက်ရည်အတွက် အစိုးရိမ်ကဲကာ Lunaက ထနောင်းရိပ်ပါးပြင်လေးကို သူမလက်ဖဝါးတွေနဲ့ခပ်ဖွဖွပွတ်သပ်ရင်းဆိုသည်။ထိုအခါ ထနောင်းရိပ်က Lunaရင်ခွင်ထဲ ပြန်တိုးဝင်ကာ....၊

"ရိပ်လေ ရှင့်ကိုသိပ်လွမ်းတာပဲ....၊ဒီကထွက်သွားပြီးရင် ရိပ်တို့လက်ထပ်ကြရအောင်"

You are My Bone [Complete]Where stories live. Discover now