Part - 92 [Uni&Zaw]

20.3K 1K 119
                                        

Unicode

"မင်း ဒီည ဒီမှာနေရမယ်....၊မနက်ဖြန်ကျ စံအိမ်တော်က တို့အခန်းမှာပြန်လိုက်နေဖို့လာခေါ်မယ်"

ဟိုတစ်ခေါက်အဖြစ်အပျက်ပြီးကတည်းက မိုးထက်နရီက သူမကို စုပေါင်းခန်းမှာမထားဘဲ တစ်ခန်းသပ်သပ်ခွဲထားပေးခဲ့တာဖြစ်သည်။S&S Barက ၁၂ထပ်ရှိတာမို့ အထပ်တိုင်းမှာသက်ဆိုင်ရာနေရာအသီးသီးတွေရှိကြ၏။အခုမိုးထက်နရီက သူမကို တတိယထပ်ကအစွန်ဆုံးအခန်းဆီခေါ်လာတာဖြစ်သည်။အခန်းက မကျဥ်းပေမယ့် အရမ်းလည်မကျယ်ပေ။အပိုအလိုပစ္စည်းလည်းသိပ်ရှိမနေဘဲ ကုတင်တစ်လုံးသာ တန်ဖိုးကြီးပစ္စည်းကဲ့သို့။

"ရိပ်ကို ဘာလို့ဒီကိုခေါ်လာတာလဲဟင်"

"နေရာအပြောင်းအရွေ့အတွက်အလုပ်ရှုပ်နေတယ်...၊အဲ့တော့ အဆင်ပြေအောင်နေ"

မိုးကခပ်ပြတ်ပြတ်ပြောပြီးတာနဲ့ ယူလာတဲ့အဝတ်အိတ်ကို ကုတင်ပေါ်ချပေးလိုက်၏။

"ညဘက်ဗိုက်ဆာရင် အဆင်ပြေအောင် ခဏနေရင်တစ်ခုခုလာပို့ပေးခိုင်းလိုက်မယ်....၊တစ်ယောက်ထဲ ထားပေးခဲ့တယ်ဆိုပြီး ခြေထောက်တွေကို ထွက်ပြေးဖို့အတွက် အလုပ်ပေးဖို့မတွေးနဲ့....၊မင်းအသက်ပါ ဘယ်နေရာပြန်ရှာရမှန်းမသိဖြစ်သွားမယ်"

မကြာသေးခင်ရက်ကမှအရောင်ပြောင်းထားသည့် နီညိုရောင်ဆံနွယ်လှိူင်းကောက်လေးတွေကို လက်နဲ့သပ်လိုက်ရင်း မိုးပြောလိုက်တော့ ထနောင်းရိပ်က ကုတင်ပေါ်ကအဝတ်ထုတ်လေးကိုကောက်ယူကာ ရင်ခွင်ထဲပိုက်ကာငြိမ်သက်နေ၏။ဒီကောင်မလေးကိုတွေးတိုင်း မိုးကိုယ့်ကိုယ်ကို အံ့သြရသည်အထိ စိတ်အစဥ်က နူးနူးညံ့ညံ့ဆက်ဆံပေးချင်မိသည်။

ပုံမှန်ဆို အသစ်ရောက်လာတဲ့လူတွေကို စုပေါင်းခန်းမှာထားရမှာပေမယ့် နီနီတို့နဲ့ကိစ္စဖြစ်ပြီးကတည်းက မိုးကိုယ်တိုင် သူမကိုသီးသန့် အခန်းစီစဥ်ပေးခဲ့တာဖြစ်သည်။ဒီနေရာကို မိုးငယ်ငယ်ကတည်းကရောက်လာခဲ့ရကာ ရက်စက်တဲ့အလုပ်တွေအများကြီးကိုလုပ်ပြီး ဒီနေရာကို ရောက်လာခဲ့ရဖြစ်သည်။ထို့ကြောင့် ကိုယ်ချင်းစာတရားတွေ၊သနားညှာတာခြင်းတွေဆိုတာ မိုးနှလုံးသားထဲမှာအရင်ကတည်းက ပျောက်ကွယ်ဆိတ်သုဥ်းနေတာဖြစ်သည်။သို့သော် ဒီကောင်မလေးက ချွင်းချက်ဖြစ်နေသည်လား....၊

You are My Bone [Complete]Where stories live. Discover now