Part-21[Uni&Zaw]

45.1K 2.5K 228
                                        

Unicode

စတီယာရင်ကို ဖိဆုပ်ထားရင်း ငြိမ်နေတာအချိန်ဘယ်လောက်ကြာနေပြီမသိ။တုတုကိုသွားခေါ်ပြီးကတည်းက J&F Group ရဲ့အနီးအနားမှာ သူစောင့်နေတာဖြစ်သည်။မနက်က သူ့ရဲ့လက်ထောက်က ညွှန်း J&F Group ကိုအလုပ်သွားလျှောက်သလိုကောင်းယံကလည်းဒီနေ့မှ အလုပ်စဝင်တယ် ပြောကတည်းက ပထမဆုံးအတွေးထဲ‌ရောက်လာသူကကောင်းယံ။ကောင်းယံက J&F Group CEOဦးခန့်ငြိမ်းရဲ့ တစ်ဦးတည်းသောသားဖြစ်သည်။ညွှန်းထက် ၂နှစ်လားငယ်ပြီး ဝေလေလေနဲ့သူ့အဖေရဲ့အလုပ်ကိုလည်းမကူ Barဘဲသွားနေတတ်သည့်သူ။ဒါကြောင့် အဖေဖြစ်သူက ကောင်းယံကိုဆုံးမဆူပူတိုင်း ညွှန်းနဲ့အမြဲနှိုင်းယှဥ်ပြောတတ်၏။

တစ်ခြားသူတွေမသိပေမယ့် စက်ရှိန်ကတော့ကောင်းယံအကြောင်းကောင်းကောင်းကြီးသိသည်။ထိုကောင်လေးအမြဲ ညွှန်းအငြိုးဖွဲ့ထားတာကိုရော၊အမြင်မကြည်တာရော။စက်ရှိန်နဲ့ဦးခန့်ငြိမ်းတို့ကမကြာခနအလုပ်တွဲလုပ်နေရာတာကြောင့် J&F Groupကို စက်ရှိန်မကြာခနရောက်ဖြစ်သည်။အခါတိုင်းတော့ညွှန်းမပါခဲ့။ညွှန်းပါသည့်အခါတိုင်းလည်း ကောင်းယံနဲ့ဆုံတာများပြီး ကောင်းယံရဲ့မထိတထိစကားတွေကအမြဲကြားရတတ်စမြဲ။သို့ပေမယ့် ညွှန်းကအလေးမထားဘဲ သူ့အလုပ်သူလုပ်တတ်တဲ့သူမို့ ကောင်းယံကိုဖုတ်လေတဲ့ငပိရှိတယ်တောင်မထင်။ထို့ကြောင့် ကောင်းယံ၏ဒေါသတွေက ညွှန်းအပေါ်မှာပိုပိုသာသာကျရောက်လာခဲ့သည်။

အခုလည်း ညွှန်းနဲ့ကောင်းယံထိပ်တိုက်တွေ့ရင် ကောင်နိုင်ဖွယ်အလားအလာ အနည်းငယ်တောင်မရှိ။ဒါ့အပြင် ညွှန်းကသူ့လက်အောက်ကလူအဖြစ် သွားရတဲ့အတွက် သူသဘောကျဆက်ဆံပစ်လိုက်လို့ရသည့်အနေအထားမို့ စက်ရှိန်ပိုစိတ်ပူမိသည်။ဒါ့ကြောင့် ဦးခန့်ငြိမ်းကိုဖုန်းဆက်အကျိုးအကြောင်းပြောပြီးတာနဲ့ သူစောင့်နေခြင်း။ညွှန်းကတော့အခုဖိထွက်မလာသေးပေ။

"ဦးစက်"

"ဟင်"

တုတုခေါ်လိုက်တော့ ဦးစက်ကဖျတ်ခနဲလှည့်ကြည့်လာပေမယ့် မျက်ဝန်းတွေက အနည်းငယ်လှုပ်လှုပ်ရှားရှားဖြစ်နေ‌၏။တကယ်ဆို ဒီမှာကားရပ်နေတာအတော်ကြာနေသလို ဦးစက်ပုံစံကလည်း တစ်ယောက်ယောက်ကိုစောင့်နေသည့်ပုံစံဖြစ်နေတာမို့....၊

You are My Bone [Complete]Where stories live. Discover now