Part - 82 [Uni&Zaw]

19.4K 1K 149
                                        

Unicode

စက်ရှိန် အလုပ်,လုပ်နေရင်း နာရီတကြည့်ကြည့်ဖြစ်နေသည်။ဒီနေ့ ရုံကဆင်းတာနဲ့ တုတုဆီသွားဖို့စီစဥ်ထားသည်။ညကစာပို့ထားပေမယ့် အခုထိပြန်စာမရသေး။စိတ်ပူတာအပြင် လူမှု့ရေးကလည်းရှိသေးတာမို့စက်ရှိန်လစ်လျှုရှုလို့မရပေ။တကယ်က မနက်ကတည်းကသွားဖို့စီစဥ်ထားပေမယ့် အရေးကြီး Meeting က နေ့လည်ကနေ ညနေအထိ နှစ်ခုဆက်နေတာကြောင့် စက်ရှိန်လက်လွှတ်လို့မရဖြစ်နေသည်။အခုလည်း ခဏနေ Meeting ‌နောက်က်တစ်ခုရှိနေသေးသည်။

"ကိုကို"

စက်ရှိန်တွေးနေတုန်း ခေါ်သံကြောင့်ကြည့်လိုက်တော့ အမွှေတော်ညီမဖြစ်နေသည်။လက်ထဲမှာလည်း ဖိုင်တွဲတွေက ကိုင်လာသေးသည်။

"ရိပ်ရိပ်"

"နာရီတကြည့်ကြည့်ဘာဖြစ်နေတာလဲ....၊သွားစရာရှိနေတာလား....၊ပြောတော့မှ ဟိုကလေးအလုပ်မလာတာ တစ်ပတ်ကျော်နေပြီနော်....၊ကိုကို့ စနက်တွေလား"

ရိပ်ရိပ်က ယူလာသည့်ဖိုင်တွေကို စက်ရှိန်စားပွဲပေါ်တင်ရင်း လူကြီးသူမလိုပုံစံနဲ့ပေါက်ပေါက်ဖောက်သည်။

"သူများကိုမေးတာ....၊ဒါကရော ဘယ်လိုဖြစ်လာတာလဲ မိရိပ်"

"Luna ပါဆို ကိုကိုနော်"

"ဖန်လဝန်းရိပ်!"

စက်ရှိန်ခပ်ကြိတ်ကြိတ်ခေါ်လိုက်တော့ မကျေနပ်သလိုလူကိုကြည့်လာသည်။ပြီးမှ ဖိုင်တွေကိုသေချာစီထပ်ပေးပြီး....၊

"ကိုကိုပေးထားသမျှအလုပ်တွေနဲ့ ဒီလရဲ့လချုပ်စာရင်းတွေပါပြီးသလောက်တစ်ခါထဲ လုပ်ပေးထားတယ်"

"အလုပ်တွေအကုန်စုလုပ်ပြီး ဘယ်တွေခြေများအုန်းမလို့လဲ"

"Luna ခွင့်ရက်ရှည်ယူမလို့ ကိုကို"

".........."

"လုပ်စရာရှိတာတွေလုပ်ရမဲ့အချိန်ရောက်လာပြီ....၊Luna အားလပ်ချိန်ကုန်ပြီ ကိုကို"

ပကတိတည်တည်ငြိမ်ငြိမ်ပြောနေတဲ့ညီမဖြစ်သူကြောင့် စက်ရှိန်လုပ်လက်စတွေရပ်တန့်သွားရသလို ဘာစကားပြောရမှန်းတောင်မသိ။မြန်မာနိုင်ငံကို ပြန်ရောက်လာကတည်းကသူမဘာကြောင့် ပြန်လာလဲဆိုတာ ရိပ်ရိပ်က‌ဖွင့်ပြောထားပြီးသားဖြစ်သည်။အစကတည်းကခွင့်တောင်းတာမျိုးမဟုတ်ဘဲ အသိပေးတာမျိုးဖြစ်သည့်အလျောက် စက်ရှိန်တားလို့ရမှာလည်းမဟုတ်။ထို့အပြင်တားလို့မရသည့်အကြောင်းတရားများစွာလည်းရှိနေသေးသည်။

You are My Bone [Complete]Where stories live. Discover now