Unicode
သူ့လူကို စိတ်မပူဖို့ရာ၊စိတ်အေအေးထားဖို့ရာပြောပြီး အခန်းထဲမှာနားစေခဲ့ပေမယ့် တွေ့ဆုံရမဲ့အခန်းထဲရှေ့ကိုရောက်နေသည့်ဇမ်းမှာတော့ အတော်လေးကို စိတ်ငြိမ်အောင် ကိုယ့်ကိုယ်ကိုသတိအထပ်ထပ်ထားနေရသည်။အခန်းရှေ့မှာစောင့်နေသည့် အစောင့်တွေကို ထွက်သွားခိုင်းလိုက်ပြီး ဇမ်းမျက်ဝန်းတွေမှိတ်ပစ်ကာ လေပူတစ်ချက်ကိုမှုတ်ထုတ်လိုက်သည်။ပြီးနောက် မျက်ဝန်းတွေကိုပြန်ဖွင့်ကာ စိတ်ကိုအတည်ငြိမ်ဆုံးထားပြီး အခန်းထဲဝင်လိုက်သည်။
ဆီးကြိုနေသည့်မြင်ကွင်းကတော့ အတော့်ကိုစိတ်မသက်မသာဖြစ်စရာပင်။နံရံကိုမှီရင်း မှိန်းနေပုံရသည့် ဦးညွှန်းသက္က့မျက်နှာထက်တွေသွေးစတို့ကခြောက်သွေ့ကာ အညိုအမဲစွဲလျက်။
"ဦးညွှန်းသက္က"
စားပွဲခုံကိုလက်နဲ့တောက်ရင်းဇမ်းမတ်တပ်ရပ်လျက်ပင်အသံပြုလိုက်မိသည်။ထို့နောက် ခပ်ဖြည်းဖြည်းပွင့်လာသည့် မျက်လုံးများက ဇမ်းကိုမြင်တော့ စူးစူးလက်လက်ကိုဖြစ်သွားကာ.....၊
"မင်း!"
"ကျွန်တော်တို့စကားခဏပြောကြရအောင် ခုံမှာအရင်ထိုင်လိုက်ပါ"
ဇမ်းအသံကိုအနိမ့်ဆုံးထားကာ ခပ်အေးအေးပြောလိုက်သည်။သမက်နဲ့ယောက္ခမ၏ပြန်လည်တွေ့ဆုံမှု့သည် ဤသို့ဤပုံဖြစ်နေတာက အနည်းငယ်အကျည်းတန်လွန်းပြန်သည်။
"အဖွဲ့ရဲ့ခေါင်းဆောင်ဆိုတာ မင်းလား"
ခုံပေါ်မှာထိုင်သည်နှင့် ဦးညွှန်းသက္ကစတင်မေးသည်။ဇမ်း လက်နှစ်ဖက်ကို ယှက်၍စားပွဲပေါ်တင်ထားရင်းမှ ခပ်ဖြေးဖြေးခေါင်းခါပြသည်။
"ကျွန်တော်က ခေါင်းဆောင်မဟုတ်ပါဘူး"
"ဒီနေရာကိုဒီအခြေအနေနဲ့ဝင်လာနိုင်ကတည်းက မင်းလည်းတော်ရုံမဟုတ်ဘူးပဲ...."
"အဲ့လိုပြောလို့ရပါတယ်"
"အခုရော ငါ့ဆီက အချက်ပလက်တွေလိုချင်လို့ မင်းကရောက်လာတာလား....၊အစကလည်းပြောပြီးသား...၊ငါ မင်းတို့နဲ့ညှိ့နှိုင်းဖို့ဘာအစီအစဥ်မှမရှိဘူးလို့"
YOU ARE READING
You are My Bone [Complete]